Header Ads

Breaking News
recent

သီချင်းအယ်လ်ဘမ်သစ် ထုတ်တော့မယ့် လီမင်ဟို


တောင်ကိုရီးယား အဆိုတော် မင်းသား လီမင်ဟိုဟာ အယ်လ်ဘမ်သစ် မထုတ်တာ ၂ နှစ်ရှိနေပြီဖြစ်ပြီး အခုတော့ သူ့ရဲ့အယ်လ်ဘမ်သစ်တစ်ခုကို ထုတ်တော့မှာ ဖြစ်ဖြစ်ပြီး နာမည်ကိုတော့  “Always by LEE MIN HO" လို့ ပေးထားတယ်လို့ သိရပါတယ်။

မင်းသား လီမင်ဟိုဟာ ပရိသတ်တေါအတွက် လက်ဆောင်သီချင်းတွေ ပုံမှန်ပေးနေကျဖြစ်တယ်ပြီး ၂၀၁၅ ခုနှစ်မှာ သူ့ရဲ့နောက်ဆုံးအယ်လ်ဘမ်ကို ထုတ်လုပ်ခဲ့ပါတယ်။ ယခု အယ်လ်ဘမ်သစ်ကိုတော့ ဖေဖော်ဝါရီလအတွင်းမှာ ပရိသတ်နဲ့တွေ့ဆုံချိန် စတင်ဖြန့်ချိမှာဖြစ်ပြီး တစ်ကမ္ဘာလုံးကိုတော့ မတ်လကျမှ ဖြန့်ချိမယ်လို့ သိရပါတယ်။

ပရိသတ်အတွက် သီဆိုထားတဲ့ လီမင်ဟိုရဲ့ သီချင်းတွေကို ၂၀၁၃ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့အထူးအယ်လ်ဘမ်ဖြစ်တဲ့ "My Everyting" ကို ထုတ်ခဲ့ပါတယ်။ ယင်းသီချင်းတွေထဲမှာ ပရိသတ်ကို ကျေးဇူးတင်ကြောင်းနဲ့ ချစ်ခင်ကြောင်းတွေ ဖော်ပြထားတာပါ။

လီမင်ဟိုဟာ အဆိုတော်တစ်ယောက်အဖြစ် သေချာကြော်ငြာမှာ မဟုတ်တဲ့အတွက် သူ့ရဲ့တစ်ကိုယ်တော်အယ်လ်မ်ကို ကမ္ဘာအနှံ့ဖြန့်ချိဖို့ကိုတော့ အားစိုက်ပြီး လုပ်ဆောင်မှာ မဟုတ်ပါဘူး။ 

သူ့ရဲ့အရင်အယ်လ်ဘမ်တွေကတော့ အရမ်းကို အောင်မြင်ခဲ့ပြီး အရောင်းရဆုံး အယ်လ်ဘမ်စာရင်းတွေထဲမှာ ထိပ်ဆုံးကနေ နေရာယူနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပြည်ပနိုင်ငံတွေမှာပါ။

သူ့ရဲ့ပထမဆုံး မီနီအယ်လ်ဘမ် "My Everything" ဟာ ဂျပန်နိုင်ငံရဲ့ Oricon daily album chart မှာ နံပါတ် ၁ ဖြစ်ခဲ့ပြီး သူ့ရဲ့ “Song For You” သီချင်းက ထိုင်ဝမ်ရဲ့ iTunes မှာ နားထောင်သူ အများဆုံးဖြစ်ခဲ့ပါတယ်။

လီမင်ဟိုရဲ့ “Always by LEE MIN HO” တစ်ကိုယ်တော်စီးရီးဟာ သူ့ရဲ့သရုပ်ဆောင်သက် ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပရိသတ်အား အမှတ်တရလက်ဆောင်ပေးခြင်း ဖြစ်ပါတယ်။

No comments:

Powered by Blogger.