Header Ads

Breaking News
recent

ဆိုဒါအသောက်များလွန်းသော ကလေးများ အသည်းအဆီဖုံးရောဂါ ဖြစ်ပွားနိုင်ခြေများ


ဆိုဒါနှင့် အခြားသစ်သီးမှရသည့် သကြားဓာတ်ပါဝင်သော ထုတ်ကုန်များ သောက်သုံးမှုကြောင့် အသည်းအဆီဖုံးရောဂါ ဖြစ် ပွားနိုင်သည့် အန္တရာယ်မြင့်မားပြီး အချိုရည်အသောက်များလွန်း သောကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြသည်။

အချိုရည်များတွင် အများဆုံးပါဝင်သော သစ်သီးသကြားဓာတ် စားသုံးမှုများသော ကလေးများနှင့် ကြီးကောင်ဝင်စအရွယ်များ သည် အရက်သောက်ခြင်းကြောင့်မဟုတ်သော အသည်းအဆီဖုံး ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားကြောင်း သုတေသီများ က လေ့လာတွေ့ရှိခဲ့သည်။

အရက်သောက်သုံးခြင်းကြောင့်မဟုတ်ဘဲ အသည်းတွင် အဆီ များ စုဝေးဖြစ်ပေါ်မှု အခြေအနေကို အသည်းအဆီဖုံးရောဂါဟု သတ်မှတ်သည်။

ယင်းအခြေအနေမျိုးဖြစ်ပေါ်ပါက အဆီများစုဝေးဖြစ်ပေါ်မှုနှင့် အတူ အသည်းရောင်ရမ်းကာ အသည်းဆဲလ်များ ထိခိုက်ပျက်စီး မှုတို့လည်း ဖြစ်ပေါ်လာသည်။ ယင်းရောဂါကြောင့် အသည်း ကင် ဆာအပါအ၀င် ပြင်းထန်သော ရှုပ်ထွေးမှုများဖြစ်ပေါ်လာနိုင်သည်။

သစ်သီးသကြားဓာတ်စားသုံးမှုများလွန်းသောကြောင့် သွေး ထဲတွင် ယူရစ်အက်စစ်ပမာဏများလာပြီး ဇီဝဖြစ်စဉ်ဆိုင်ရာ ရော ဂါဖြစ်လာနိုင်သည်။

ဆိုဒါနှင့် အခြားသော အချိုရည်များတွင် သစ်သီးသကြားဓာတ် အဓိကပါဝင်ပြီး အလွန်အကျွံသောက်သုံးခြင်းကြောင့် အသည်းကို ထိခိုက်ပျက်စီးနိုင်ကြောင်း သုတေသီများကပြောသည်။ ယခု လေ့လာမှုကို Hematology ဂျာနယ်တွင် ဖော်ပြထားပြီး သုတေသီ များက ကိုယ်အလေးချိန် ပိုများလာခြင်းသည် အသည်းရောဂါ များဖြစ်ပွားစေနိုင်သည့် အန္တရာယ်တစ်ခုဖြစ်သည်ဟု ဖော်ပြထား သည်။

အသည်းအဆီဖုံးရောဂါရှိသူများ၏ သွေးထဲတွင် ယူရစ်အက် စစ်နှင့် သစ်သီးသကြားဓာတ်နှစ်မျိုးစလုံး ပမာဏမြင့်တက်နေ လေ့ရှိကြောင်း အီတလီနိုင်ငံမှ သုတေသီများကပြောသည်။

ကလေးများအကြား ဆိုဒါနှင့်အခြားသော အချိုရည်များ သောက်သုံးမှု လျှော့ချရေး ကြီးမားသော ကြိုးပမ်းဆောင်ရွက်မှု များလုပ်ဆောင်သင့်သည်ဟု သုတေသီများက ပြောသည်။

No comments:

Powered by Blogger.