ပခုက္ကူ ခရိုင် ကမ္မမြို့တွင် မှုးယစ်ရမ်ကား ရိုက်နှက်မှု့ ဖြစ်ပွား
၁၆ ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၇ ညပိုင်း ၉း၁၅ အချိန်တွင် ပခုက္ကူခရိုင် ကမ္မမြို့ အုပ်ချူပ်ရေးမှုးရုံး အရှေ့ဘက် Center tea ဆိုင်ရှေ့တွင် သောက်စားမှုးယစ်နေသော လူငယ်ငါးဦး လမ်းပေါ်တွင် ဖြတ်သွားဖြတ်လာပြည်သူများအား ပုံပါ အသားချောင်းနှင့် ဓါးအိမ်ပါဓါး ကို ယူဆောင်လျှက် ရမ်းကားနေခဲ့ပါသည်။
ယင်းအခင်းကို မျက်မြင်တာဝန်သိပြည်သူတစ်ဦးမှ ကမ္မမြို့ ရဲစခန်းကို ဖုန်းဆက်တိုင်ခဲ့ပါသည်။
တာဝန်ရှိ ရဲများ ရောက်မလာမီအချိန်အတွင်း အမှတ် ၁၂ ရပ်ကွက်နေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးစီလာသော ပုံပါဆိုင်ကယ်ကို တားစီး၍ ရိုက်နက်ခဲ့ပါသည်။
အမျိုးသားနှင့်အမျိုးသမီးတို့သည် ကိုယ်လွှတ်ရုန်း၍ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း စီးလာတဲ့ဆိုင်ကယ်ကတော့ အုပ်စုလိုက်ဖျက်ဆီးခံလိုက်ရပါသည်။
ထိုနောက် ကမ္မမြို့ အမှတ် ၁ အုပ်ချူပ်ရေးမှူး ဦးဌေးလွင်အား လူငယ်လေးဦးမှ ထပ်မံ ရိုက်နှက်ကြသည်။ ယင်းဖြစ်စဉ်တွင် လူငယ်တစ်ဦး ရှောင်ထွက်သွားသည်ဟုသိရပါသည်။ ထိုကြောင့် လေးဦး ဟုဆိုရခြင်းဖြစ်ပါသည်။
ဦးဌေးလွင်သည် နီးစပ်ရာ center tea ဆိုင်သို့ ဝင်ရောက်ထွက်ပြေးရာတွင် ဓါးပါလူငယ်တစ်ဦးမှ လိုက်လံ ထိုးကြိတ်ရာတွင် ကျန်သုံးဦးမှ အစ်ကိုဟု ယူဆရသူ ဦးဆောင်သူဟု ယူဆရသူက ဓါးဖြင့် ထိုးသတ်ရန် အမိန့်ပေးလိုက်သည်။
ထိုစဉ် center tea ဆိုင်ရှင် ကိုမောင်မြင့်မှ သတိရှိစွာ ခါးမှဓါးကို ဦးစွာရှင်းလင်းနိုင်ခဲ့သည်။ tea ဆိုင်ထိုင် ပြည်သူများလည်း ဝင်ရောက်ပူးပေါင်းကြရာ ရမ်းကားသူ လူငယ်လေးဦး ထွက်ပြေးသွားကြပါသည်။
center tea ဆိုင်အတွင် ဝင်ရောက်ရမ်းကားမှု့ဖြစ်စဉ်တွင် ရဲဝန်ထမ်းတစ်ဦးရောက်ရှိလာသောအခါ မျက်မြင်များက သူတို့တွေ့ရှိရပုံများကို အဆိုပါရဲအား ထွက်ဆိုခဲ့ကြသည်။
ယင်းနောက် အရမ်းကားထိုးကြိတ်ခံရသူနှင့် center tea ဆိုင်ပိုင်ရှင်တို့သည် ကမ္မရဲစခန်းသို့ သွားရောက်အမှု့ဖွင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
No comments: