Header Ads

Breaking News
recent

ကမ္ဘာပေါ်က အဆိုးရွားဆုံး အလုပ်အကိုင် (၃) မျိုး


လူရယ်လို့ဖြစ်လာပြီဆို အရွယ်ရောက်တာနဲ့ လုပ်ငန်းခွင်ဝင်ရတော့တာပါပဲ။ ကိုယ်ဝါသနာပါရာကို ဇောက်ချလုပ်သူတွေ၊ ငွေရလမ်းများတဲ့နောက်ကို လိုက်သူတွေ၊ ဦးနှောက်ခြောက်ရတဲ့ အလုပ်တွေ၊ ခွန်အားစိုက်ထုတ် လုပ်ကိုင်ရတဲ့အလုပ်တွေ စသဖြင့် အမျိုးမျိုး ရှိပါတယ်။ တချို့အလုပ်တွေကတော့ အသက်နဲ့ရင်းပြီးလုပ်ရတာမျိုးပါ။ ဒီ့ထက်မက ဆိုးရွားတဲ့အလုပ်အကိုင်တွေလည်း ရှိတယ်ဆိုတာ သင်သိပါသလား။

၁။ ချိုင်းချွေးနံ့ နမ်းရတာ

လူများတဲ့နေရာကိုရောက်လို့ ချွေးနံ့တွေရရင် တော်တော်စိတ်ညစ်ရပါတယ်။ အထူးသဖြင့် ချိုင်းချွေးနံဆိုရင် အော်ဂလီဆန်ချင်စရာကြီးပါ။ ပုံထဲကလူတွေဟာ ချွေးနံ့ပျောက်ဆေး ( Deodrant) အမှတ်တံဆိပ်တစ်ခုရဲ့ အရည်အသွေးစစ်ဆေးရေးပိုင်းဆိုင်ရာ ဝန်ထမ်းတွေပါ။ ချွေးနံ့ပျောက်ဆေးရဲ့ ကွာလတီကိုသိဖို့ ချိုင်းကိုနမ်းရတာဖြစ်ပါတယ်။

၂။ တိရစ္ဆာန်အထီးကိုစိတ်ကြွအောင်

ပြည်ပက နွား/မြင်း မွေးမြူတဲ့ ခြံကြီးတွေတိုင်းမှာ ဒီပစ္စည်းကို တွေ့ရတတ်ပါတယ်။ လူကိုယ်တိုင်လုပ်ပေးစရာတော့ မလိုပေမဲ့ တော်ရုံလူမလုပ်နိုင်တဲ့ အလုပ်မျိုးပါပဲ။ နွားထီးကို လိင်စိတ်ကြွလာအောင် လုပ်ပေးပြီး သုက်ရည်ကိုယူရတာပါတဲ့။ လူက နွားမရဲ့အင်္ဂါတုကို ကိုင်တွယ်ပြီး နွားထီးရဲ့စိတ်ထကြွလာအောင်လုပ်ပေးရပါတယ်။

၃။ ရိုလာကိုစတာအစမ်းစီးရခြင်း

တကယ်ကို သက်စွန့်ဆံဖျားလုပ်ရတဲ့အလုပ်ပါ။ မိုးပျံရထား (roller coaster) တစ်ခုကို မဖွင့်လှစ်မီမှာ စမ်းသပ်စီးပေးရတာ ဖြစ်ပါတယ်။ စီးနင်းမယ့်လူတွေရဲ့ အခက်အခဲ၊ အဆင်မပြေမှုတွေနဲ့ လုံခြုံစိတ်ချရမှုကို အရင်ဆုံး စမ်းသပ်စီးနင်းပေးရတာ ဖြစ်ပါတယ်။ အမှားအယွင်းတစ်ခုခုသာဖြစ်မယ်ဆို အသက်ပေးလိုက်ရမယ့် စမ်းသပ်မှုပါပဲ။

ဖိုးသူတော် (www.phothutaw.com)

No comments:

Powered by Blogger.