Header Ads

Breaking News
recent

မ၀တီမြို့တွင် စိတ်ကြွဆေးများနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ


မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့မှာ စိတ်ကြွဆးပြား ၈၀၀၀၀ လောက်နဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာသူတွေကို ဖမ်းမိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက် တရက်တည်းမှာတင် ဖမ်းမိခဲတာဖြစ်ပြီး ဖမ်းမိတဲ့ စိတ်ကြွဆေးပြားတွေရဲ့ တန်ဖိုး ကျပ်သိန်း ၂၃၀၀ ကျော် ရှိပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက် မနက် ၁၁ နာရီလောက်က အာရှလမ်းပေါ် စက်ဘီးစီးလာတဲ့ ဒေါ်ခင်မမ ဆိုသူအား စစ်ဆေးခဲ့ရာမှာ စက်ဘီးလက်ကိုင်မှာချိတ်လာတဲ့ အိတ်အတွင်းကနေ WY စာတမ်းစိတ်ကြွဆေးပြား ၆၀၀၀ နဲ့ လက်ကိုင်ဖုန်းတလုံးတို့ကို သိမ်းဆည်းမိပါတယ်။
အဲဒီနောက် ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာမှာ မွန်းလွဲ ၁ နာရီမှာ ချစ်ကြည်ရေးလမ်းပေါ်မှာ ကိုစိုင်း ဆိုသူ မောင်းနှင်လာတဲ့ WAVE-125 ဆိုင်ကယ်တူးဘောက်ထဲကနေ WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား၂၀၀၀၀ ပြား၊ မွန်းလွဲ ၂ နာရီက မြို့ပတ်လမ်းမှာ ရန်နိုင် ဆိုသူ မောင်းနှင်လာတဲ့ ဗွီဂိုအမျိုးအစား မော်တော်ကာပေါ်ကနေ စိတ်ကြွဆေးပြား ၁၀၀၀၀ နဲ့ သေနတ်တလက်၊ ကျည်အိမ်တခုနဲ့ ကျည်ဆန်တွေ ဖမ်းမိခဲ့ပါတယ်။
တခါ ညနေ ၃ နာရီလောက်မှာတော့ အာရှလမ်းပေါ်မှာ မနန်းခမ်းကျင် ဆိုသူ မောင်းလာတဲ့ ဆိုင်ကယ်ခွကြား ခရီးဆောင်အိတ်ထဲကနေ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ပြား၊ ညနေ ၄ နာရီလောက်မှာ မြ၀တီမြို့၊အမှတ် (၅)ရပ်ကွက်၊ ဂန္ဓရုံကျောင်းလမ်းရှိ အခလိန်း(ခ)စောကျော်ထူးခလိန်းရဲ့ နေအိမ်ကို သွားရောက်ရှာဖွေရာ အခလိန်းနဲ့ ဇနီးဖြစ်သူ မထွေးလှ၊ မင်းဇော်၊ ကျော်အဲစိုးတို့ကို WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀ ပြား၊ မြန်မာငွေ ၅၀၀၀၀ ကျပ်၊ ခြောက်လုံးပြူးသေနတ်တလက်၊ ၎င်းကျည်ငါးတောင့်၊ လုပ်သေနတ်တစ်လက်၊ ၎င်းကျည်နှစ်တောင့်၊ သေနတ်အိတ်တခု၊ ပွိုင့် ၃၂ ကျည်ခြောက်တောင့်၊လက်ပစ်ဗုံးတလုံး၊ မက်တူးအမျိုးအစားနှင့် အော်တစီအမျိုးအစား မော်တော်ယာဉ်နှစ်စီးတို့အားလည်းကောင်း အသီးသီးရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့ပါတယ်။
စိတ်ကြွဆေးတွေ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိထားသူတွေကို မြ၀တီရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းမှာ ဖော်ပြပါတယ်။

No comments:

Powered by Blogger.