ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရမှု ရုပ်သံဗွီဒီယိုဖိုင် မလေးရှားသတင်းဌာန ထုတ်လွှင့် (ရုပ်သံ)
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အသေးစိတ်ရုပ်သံဗွီဒီယိုဖိုင်ကို မလေးရှားနိုင်ငံအခြေစိုက် သည်စတားသတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ကွာလာလမ်ပူလေဆိပ်တွင်း လုံခြုံရေးကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားခဲ့တာပါ။
ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်တွင်းမှာ အမျိုးသမီး ၂ ဦးက အဆိပ်ခတ်လုပ်ကြံခံရလို့ သေဆုံးသွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သံသယရှိသူတွေကို ဖမ်းဆီးထားခဲ့ပါတယ်။
မလေးရှားနိုင်ငံ တာဝန်ရှိသူတွေက အစောပိုင်းတုန်းကတော့ သေဆုံးခဲ့သူကို ကင်ချယ်လ်အမည်နဲ့ ကိုရီးယားအမျိုးသားတဦးလို့သာ ဖော်ပြခဲ့ကြတာဖြစ်ပြီး ဒါကတော့ မလေးရှားရုပ်သံသတင်းဌာနမှာ ကင်ဂျုံနမ်လို့ တရားဝင်ဖော်ပြလိုက်တာပါ။
ဒီလုပ်ကြံခံရမှုရဲ့ နောက်ကွယ်မှာ မြောက်ကိုရီးယားက ပါဝင်ပတ်သက်နေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပေမယ့် မြောက်ကိုရီးယားဘက်ကတော့ ဘာမှ တုံ့ပြန်ပြောတာမျိုး မရှိခဲ့ပါဘူး။
No comments: