Header Ads

Breaking News
recent

မိချောင်းခေါင်းသားကျွေးသည့် တရုတ်မင်္ဂလာပွဲ

မင်္ဂလာဆောင်တစ်ခုမှာ မိချောင်းခေါင်းသားကျွေးတဲ့ ဓာတ်ပုံတွေဟာ တရုတ်အွန်လိုင်းမှာ ပြန့်နှံ့လျက်ရှိပါတယ်။ဒီပုံတွေကို မင်္ဂလာပွဲတက်ရောက်ခဲ့သူတစ်ဦးက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီတက်ရောက်ခဲ့သူရဲ့ သူငယ်ချင်းဖြစ်သူ Sun Paiလို့ အမည်ရတဲ့လူက ပုံတွေကို အွန်လိုင်းပေါ် တင်ခဲ့တာဖြစ်ပါတယ်။မင်္ဂလာစားသောက်ပွဲဟာ ဟန်ကျိုးပြည်နယ်မှာ ကျင်းပခဲ့တာလို့ဆိုပါတယ်။
တရုတ်ပြည်နယ်တော်တော်များများမှာ ဒီလိုမျိုး မိချောင်းခေါင်းတည်ခင်းတာဟာ ပေါ်ပြူလာဖြစ်ပါတယ်။

အစိုးရရဲ့နှိမ်နင်းမှုတွေကြောင့် မိချောင်းသားရောင်းချကို တရုတ်စားသောက်ဆိုင်တွေက ရပ်ဆိုင်းထားခဲ့တာ အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ ကိုယ်ပိုင်ပြုလုပ်ကြတဲ့ပွဲတွေမှာတော့ မိချောင်းသားအသုံးပြုမှုတွေကို တားမြစ်ဖို့ ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။

No comments:

Powered by Blogger.