Header Ads

Breaking News
recent

ရုပ်ရှင်ဇာတ်ကား နည်းရတဲ့အကြောင်း ပြောပြတဲ့ မေကဗျာ


ရုပ်ရှင်ဇာတ်ကားကြီး အရိုက်နည်းခြင်းသည် ဇာတ်ရုပ်ရွေးချယ်မှုကြောင့်မဟုတ်ဘဲ လာရောက်ကမ်းလှမ်းမှု  နည်းသော ကြောင့်ဖြစ်သည်ဟု မေကဗျာက ပြောကြားသည်။

‘‘ကံပေါ့။ ကဗျာက ကားကြီး နဲ့ ကံမစပ်တာလည်း ပါတယ်။ ကိုယ်ရွေးချယ်တာမဟုတ်ဘူး။ ကိုယ့်ဆီလာတာကိုက နည်းတာ။ နည်းတဲ့အတွက်ကြောင့် အခု နောက်ပိုင်းဆိုရင် အခန်းနည်းတာ၊ များတာကိုမရွေးချယ်ပါဘူး။ တစ် ခန်းပဲပါပါ၊ နှစ်ခန်းပဲပါပါ ကိုယ့် အတွက် လုပ်ကွက်ရှိမယ်ဆိုရင် ရိုက်ပါတယ်’’ဟု ရုပ်ရှင်ရိုက်ကူး ရေးနှင့်ပတ်သက်၍ မေကဗျာက ပြောသည်။

မေကဗျာသည် ရုပ်ရှင်မရိုက် ကူးဖြစ်သည်မှာ သုံးနှစ်ကျော်ကြာ မြင့်ပြီဖြစ်ပြီး ယခုရက်ပိုင်းတွင် ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူး မည့် ‘ဗီဇ’ရုပ်ရှင်၌ ပါဝင်ရိုက်ကူး ရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

‘‘ဒီကားမှာ ကဗျာတို့က မိဘ မဲ့ဂေဟာကနေ ထွက်လာတဲ့သူ တွေ။ မိဘမရှိဘဲ ဖြတ်သန်းလာရ သူတွေ။ ငွေလိုလို့ ဘဝကိုရင်းပေး ရတဲ့သူတွေ။ အဲဒါကြောင့် မကောင်းတာတွေ လုပ်စားတယ်၊ အဲဒီလို ဇာတ်ကားလေးပါ။ ကဗျာ ကတော့ သူငယ်ချင်းအတွက် အ နစ်နာခံလိုက်တဲ့ ကောင်မလေး နေရာကပါ’’ဟု ‘ဗီဇ’ဇာတ်ကားအ ကြောင်း မေကဗျာက ပြောပြ သည်။

အဆိုပါ ဇာတ်ကားတွင် ပါဝင်ရသည့် အခန်းမများသော် လည်း လုပ်ကွက်ရသလို ဒါရိုက် တာ ဝင်းထွန်းထွန်းကို ယုံကြည် သောကြောင့် လက်ခံရိုက်ကူးခဲ့ ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

‘‘ကိုယ်လုပ်ကွက်ရတယ်ဆို ရင်တော့ လုပ်ပြချင်ပါတယ်။ ကိုယ်လည်း လုပ်ပြလို့ရတဲ့ ကား တွေလည်း ရိုက်ချင်ပါတယ်။ ကားကြီးမှာမှ မဟုတ်ပါဘူး’’ဟု ကြိုး စားအားထုတ်မှုနှင့်ပတ်သက်၍ မေကဗျာက ပြောသည်။

လတ်တလောတွင် ပြင်ပ စီးပွားရေးအနေဖြင့် အင်္ကျီချုပ် ဆိုင်နှင့် ကွန်ပျူတာပန်းထိုးလုပ် ငန်းလုပ်ကိုင်နေကြောင်း   မေ ကဗျာက ပြောသည်။

သမီးဖြစ်သူ ဂင်္ဂါမေနှင့်ပတ် သက်၍ ၎င်း၏ အနာဂတ်မျှော်မှန်း ချက်ကိုလည်း ‘‘သူ့ကို ဒီလောကထဲကိုမထည့်တာ။ ဓာတ်ပုံတွေလည်း   မပေးမရိုက်တော့ဘူး။ အရံပန်းကြဲတွေလည်း ပေးမလုပ်ခိုင်းဘူး။   ကြော်ငြာတွေလည်း ပေးမရိုက်တော့ဘူး။ လုံးဝ ဒီလောကနဲ့ အဆက်အသွယ်ဖြတ် ထားတယ်။ ပညာရေးဘက်ကိုပဲ ဦးစားပေးတယ်။ သူက ဒီဇိုင်းတို့၊ ဖက်ရှင်တို့ ဝါသနာပါတော့အဲဒီသင်တန်းတွေတက်တယ်’’ဟု ပြောကြားသည်။

No comments:

Powered by Blogger.