Header Ads

Breaking News
recent

ကျည်စုသင်္ချိင်းထဲ ဝင်ပြေးသွားတဲ့ နဂါးလေးကို ပိုက်စိတ်တိုက်ရှာဖွေနေ



ရန်ကုန် ဖေဖော်ဝါရီ ၁၆ မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် တရားခံပြေး ကြေညာထားသူအား သက်ဆိုင်ရာက ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်သို့ သွားရောက် ဖမ်းဆီးစဉ် ထွက်ပြေးသဖြင့် သေနတ် ဖြင့် ပစ်ခတ်ဖမ်းဆီးသော်လည်း လွတ်မြောက်သွား၍ အမြန်ဆုံးဖမ်းဆီး ရမိရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

''သွားရောက်ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ ဝင်တွေရဲ့ကားကို တိုက်ပြီး ထွက်ပြေး သွားလို့ သေနတ်နဲ့ ပစ်ဖောက်ပြီး တားဆီးခဲ့တာပါ။ အပြန်အလှန်ပစ်ခတ် တာမျိုးမဟုတ်ပါဘူး၊ ထိခိုက်ဒဏ်ရာ ရရှိသွားတာမျိုးမရှိပါဘူး။ အခုလည်း သူသွားနိုင်မယ့်နေရာတွေကို တပ်ဖွဲ့ဝင် တွေ လိုက်လံရှာဖွေနေပါတယ်'' ဟု အဆိုပါ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ယနေ့ ညနေ ၅ နာရီ ၂၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အုပ်ချုပ်မှုတပ်ခွဲ မှုခင်းအကူ ဌာနစုမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်း-မယ(ပ)၁၃/ ၂ဝ၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က)/ ၂၁/ကျင့် ၅၁၂၊ လမ်းမတော်မြို့မရဲစခန်း (ပ)၉/၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၂၃/၁၁၄/ ကျင့် ၅၁၂အမှုမှ တရားခံပြေးဖြစ်သူ ဒဂုံမြို့သစ် (တောင် ပိုင်း)မြို့နယ်နေ နဂါးလေး (ခ)အောင်နိုင် မြင့် (၃၄)နှစ် (ဘ)ဦးဝင်းနိုင်သည် ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် (၂ဝ)ရပ် ကွက်၊ လှော်ကားလမ်းနှင့် ဥဿဘုရား လမ်းဆုံအနီးရှိ ကားဝပ်ရှော့ တစ်ခုသို့ 5D-3753 ပါဂျဲရိုး အမျိုးအစား ခဲရောင်ယာဉ်ဖြင့် ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးစဉ် အဆိုပါ တရားခံပြေးဖြစ်သူမှ ရဲတပ်ဖွဲ့ဝင် များ၏ မော်တော်ယာဉ်များကို ၄င်းမောင်း နှင်သော မော်တော်ယာဉ်ဖြင့်တိုက်ပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
''ညနေပိုင်းက သေနတ်သံလိုလို တော့ သုံး၊ လေးချက်လောက် ကြားလိုက် တယ်၊ နာရီဝက်လောက်ကြာမှ တရားခံကို ရဲတွေက လာဖမ်းတာလို့ သိရတယ်၊ ဖမ်းတဲ့အခါမှာ တရားခံက ထွက်ပြေးလို့ သေနတ်နဲ့ ပစ်တာလို့တော့ ပြောတယ်၊ ဒဂုံဆိပ်ကမ်းဘက်ကို ထွက်သွားတယ် လို့ ပြောနေကြတယ်။ ညနေပိုင်းက အပြင်တောင် သိပ်မထွက်ရဲဘူး'' ဟု အဆိုပါ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။


ယင်းသို့ ထွက်ပြေးသွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီးခဲ့သော်လည်း တရားခံပြေး ဖြစ်သူ နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း၊ ပြန်လည်ဖမ်းဆီးရမိရေးအတွက် ၄င်း သွားလာနိုင်သည့်နေရာများ၊ မြို့အဝင် အထွက်ဂိတ်များ၊ စစ်ဆေးရေးဂိတ်များကို မြို့နယ်ရဲတပ်ဖွဲ့ အချင်းချင်းချိတ်ဆက်ကာ လိုက်လံပိတ်ဆို့ ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
''ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေ တရားခံ ဖမ်းဆီးရမိရေးအတွက် လိုက်လံဖမ်းဆီးနေပါတယ်။ သူ့ရဲ့ကားကိုတော့ ရပါပြီ။ သတင်းအရ ကျည်စုသင်္ချိင်းထဲကို ဝင်ပြေးသွားတယ်လို့ သိရတဲ့အတွက် ပိုက်စိတ်တိုက်ရှာဖွေ နေပါတယ်''ဟု ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲမှူး လှဝေက ပြောသည်။

ဇော်ကြီး(ပဏီတ)၊ သန်းထိုက်(လှိုင်သာယာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Powered by Blogger.