အစေ့အဆံတွေဟာ အပျင်းပြေစားဖြစ်တဲ့အရာတွေပါ။ အထူးသဖြင့်တော့ ရုပ်ရှင်ကြည့်ရင်း၊ စာဖတ်ရင်းနဲ့ စားဖြစ်ကြတယ်လေ။ အပျင်းပြေစားတဲ့အရာ ဆိုပေမဲ့ ကျန်းမာရေးအတွက်တော့ ကောင်းကျိုးပေးကြပါတယ်။
ဗီတာမင်၊ သတ္တုဓာတ်၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရတွေ ပါဝင်တာမို့ နေ့စဉ်စားပေးမယ်ဆို ပိုကောင်းပါတယ်။
ဖရုံစေ့
ဖရုံစေ့လှော်ကို စားသင့်တဲ့အကြောင်းကတော့ မဂ္ဂနီစီယံ (magnesium) ကြွယ်ဝစွာ ပါဝင်လို့ပါပဲ။ ဒီဓာတ်က နှလုံးကိုကျန်းမာစေပါတယ်။ ဒါ့ပြင် ဆီးကျိတ်ရောင်တာကိုလည်း သက်သာစေတဲ့အစွမ်း ရှိပါတယ်။ ဖရုံစေ့လှော် တစ်အောင်စမှာ အဆီ ၁၃ ဂရမ်၊ ပရိုတင်းဓာတ် ၇ ဂရမ်နဲ့ အမျှင်ဓာတ် ၁ ဂရမ် ပါဝင်ပါတယ်။
လျှော်စေ့
ပိုက်ဆံလျှော်စေ့ကတော့ သက်သက်လွတ်သမားတွေအတွက် အထူးကောင်းကျိုးပေးပါတယ်။ အစေ့သေးငယ်ပေမဲ့ ပရိုတင်းဓာတ် အပြည့်ပါတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အသားဓာတ်ကို အသားမစားဘဲ ဖြည့်တင်းနိုင်ပါတယ်။
ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုင်အက်ဆစ် (amino) ကိုးမျိုးလုံး ပါဝင်ပါတယ်။ မဂ္ဂနီစီယံ၊ သံဓာတ်နဲ့ Omega - 3 လည်း ပါဝင်ပါတယ်။ လျှော်စေ့တစ်အောင်စမှာ အဆီ ၁၃ ဂရမ်၊ ပရိုတင်းဓာတ် ၂၀ ဂရမ်၊ အမျှင်ဓာတ် ၁ ဂရမ် ပါဝင်ပါတယ်။
နေ့စဉ်နေ့တိုင်း စားသုံးသင့်တဲ့ အစေ့အဆံတွေ
Reviewed by
Myat Min
on
7:53 PM
Rating:
5
No comments: