Header Ads

Breaking News
recent

ကျောင်းသားများအား လိင်တူဆက်ဆံဟု တိုင်ကြားခံရသော ကျောင်းအုပ်ဆရာကြီးကို ဖမ်းဆီး



ကျောင်းသားများအား လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြင့် တိုင်ကြားခံရသော မြောင်းမြမြို့ နယ် က၀က်ကျေးရွာအထက် တန်းကျောင်းအုပ်ဆရာကြီးကို ဖေဖော်ဝါရီ ၂၀ ရက်က ဖမ်းဆီးခဲ့ ကြောင်း မြောင်းမြမြို့မရဲစခန်းမှ သတင်းရရှိသည်။

၂၀၁၆ မတ်လက တက္က သိုလ်စာမေးပွဲဖြေဆိုရန် ဘုန်း ကြီးကျောင်းတွင် တည်းခိုနေစဉ် ကျောင်းသားများအား အသက် (၅၀) ကျော်အရွယ် ကျောင်းအုပ် ဆရာကြီး ဦးအောင်အောင်က လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သည် ဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်က စာမေးပွဲမဖြေ ဆိုမီ ညအိပ်ချိန်များတွင် ကျောင်းသားများအား ၎င်း၏အခန်း၌ အိပ်စေပြီး လိင်ပိုင်းဆိုင်ရာကျူး လွန်မှုများရှိခဲ့ကြောင်း ကျောင်း သားများမှတစ်ဆင့် သိရှိသဖြင့် ဆရာများက တိုင်ကြားခဲ့ပြီး ကျူးလွန်ခံရသည်ဆိုသော အသက် (၂၃)နှစ်အရွယ် ကျောင်းသား ဟောင်းတစ်ဦးက ရဲစခန်း၌ အမှု ဖွင့်ထားသည်။

ရဲစခန်းက ရာဇသတ်ကြီးဥပ ဒေပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ခဲ့ပြီး နောက် ဖမ်းဆီးစစ်ဆေးအရေးယူ ရန် ပညာရေးဌာနက ခွင့်ပြုချက် ရရှိသဖြင့် ဖေဖော်ဝါရီ ၂၀ ရက် တွင် ဖမ်းဆီးခဲ့ကြောင်း မြောင်းမြမြို့မစခန်းမှူး ဒုရဲမှူးအေးမင်း သိန်းက ပြောသည်။

‘‘ရာဇ၀တ်ကြောင်းအရ ရော၊ ဌာနဆိုင်ရာ စစ်ဆေးအရေး ယူမှုတွေရော လုပ်မှာပါ။ ပြည် ထောင်စုအစိုးရအထိ ဒီကိစ္စကို တင်ပြထားတာဖြစ်တဲ့အတွက် ပညာရေးဝန်ကြီးဌာနကနေ စေ လွှတ်တဲ့ စစ်ဆေးရေးအဖွဲ့လည်း လာရောက် စစ်ဆေးနေပါတယ်။ ကျူးလွန်တာ ထင်ရှားတယ်ဆိုရင် တော့ နှစ်ခုစလုံးနဲ့ အရေးယူမှာ ပါ’’ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြော ကြားသည်။

မြောင်းမြမြို့နယ် က၀က် အထကကျောင်း၌ ယခုနှစ် ဇန်န ၀ါရီ ၂၃ ရက်က စာသင်ဝိုင်းဖွင့် လှစ်ရန် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများ အား ခေါ်ယူရာ ကျောင်းသား အချို့က ညစာသင်ဝိုင်း မတက် ရောက်လိုကြောင်း ဆရာများကို ပြောပြရာမှ ယင်းအခြေအနေများ သိရှိခဲ့ကြောင်း အဆိုပါကျောင်း မှ ကျောင်းဆရာအချို့က ပြော သည်။

လက်ရှိတွင် ကျောင်းအုပ် ဆရာကြီး ဦးအောင်အောင်ကို မြောင်းမြမြို့မရဲစခန်းတွင် ရမန်ယူဖမ်းဆီးထိန်းသိမ်းထားပြီး တရား စွဲဆိုနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။

No comments:

Powered by Blogger.