Header Ads

Breaking News
recent

ရေးမြို့နယ်ရှိ စာသင်ကျောင်းနှင့် ဆေးပေးခန်းများတွင် ရေလှောင်ကန်များဆောက်လုပ်ပေးမည်



မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကျေးရွာစာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေမှာ ရေဂါလန် ၁၅၀၀ ဆံ့ ရေလှောင်ကန်တွေကို နိုင်ငံတော်က ထောက်ပံ့ရန်ပုံငွေ ကျပ်သန်းပေါင်း ၄ ဒသမ ၅ သန်း အကုန်အကျခံ ဆောက်လုပ်သွားဖို့ရှိနေပါတယ်။
ရေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းထောစံ (နည်းပညာ) က“ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ပေးသွားပါမယ်။ ကျေးရွာများမှာ ကမ်းနီ၊ ဝယ်ပေါင်၊ ကျုံလောင်းရွာဟောင်းတို့ ဖြစ်ပါတယ်။ လက်ရှိပြီးစီးမှုကတော့ ကျုံလောင်း၊ ဝယ်ပေါင်က ၁၀၀ ရာခိုင်နှုန်း၊ ကမ်းနီက ၈၀ ရာခိုင်နှုန်း လုပ်ငန်းပြီးစီးနေပါတယ်” လို့ ပြောပါတယ်။
အဆိုပါဘဏ္ဍာရေးနှစ်အတွင်းမှာ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကရည်ရွယ်ကာ လုပ်ငန်းအမျိုးအစားတွေထဲမှာ ကျေးလက် လမ်း ၅ ခု၊ တံတား ၄ ခု၊ ရေပေးဝေရေးက ၁၁ ခု၊ စုစုပေါင်းငွေကျပ် ၇၉၃ ဒသမ ၅သန်းဖြင့် ပြည်တွင်းကုမ္ပဏီ ၆ ခုက ကျေးရွာပေါင်း ၁၉ ရွာကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းများနဲ့အညီ ဆောင်ရွက်မယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.