Header Ads

Breaking News
recent

သုံးနှစ်အရွယ် မိန်းကလေးကို ပထွေးကအဓမ္မပြုကျင့်မှု တောင်ငူမှာဖြစ်


တောင်ငူမြို့နယ် ထမင်းမစားကျေးရွာမှာ ပထွေးဖြစ်တဲ့သူက အသက်သုံးနှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့လို့ တောင်ငူမြို့မရဲစခန်းက ဖမ်းဆီးအမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ကိုအောင်မိုးက ကလေးငယ်ရဲ့မိခင်ဖြစ်သူ မနှင်းပွင့်ဖြူနဲ့ အိမ်ထောင်ကျခဲ့တာ နှစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး မနှင်းပွင့်ဖြူက လက်ရှိထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေကာ ထိုင်းမသွားခင်သမီးငယ်ကို ဖခင်အရင်းရဲ့ မိခင်ဒေါ်တင်နွဲ့ဆီမှာ အပ်ထားခဲ့တာပါ။

အခင်းဖြစ်ပွားတဲ့ ဖေဖော်ဝါရီ ၁၃ရက် နေ့လည်ခင်းမှာ မနှင်းပွင့်ဖြူရဲ့နောက်အိမ်ထောင်ဖြစ်တဲ့ကိုအောင်မိုးက ဒေါ်တင်နွဲ့ဆီကကလေးကို ညအိပ်ဖို့ လာရောက်ခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။ "ဒေါ်တင်နွယ်က ခေါ်သွားလို့မဖြစ်ဘူးလို့ ပြောတဲ့အခါမှာ ကိုအောင်မိုးက ကလေးရဲ့ဦးလေးပါလို့ပြောတဲ့အတွက် ကလေးကို  ကိုအောင်မိုးအိမ်မှာ အိပ်ဖို့ထည့်လိုက်တယ်“လို့ တောင်ငူမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုအောင်မိုးဟာ အဲဒီကလေးရဲ့ဦးလေးမဟုတ်တဲ့အကြောင်းကိုသိလို့ ဖေဖော်ဝါရီလ ၁၄ရက်နေ့ မနက်ပိုင်းမှာ ထမင်းမစားကျေးရွာက အုပ်ချုပ်မှူးအိမ်ကိုသွားပြီး ကိုအောင်မိုးရဲ့နေအိမ်ကိုလိုက်သွားတာကနေ ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာကို သိခဲ့ရလို့ တောင်ငူမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မနံပါတ် ၃/၂၀၁၇ မဖွယ်မရာပြုကျင့်မူ ၃၃၇နဲ့ အမူဖွင့်ထားတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ အရွယ်မရောက်သေးသူ သက်ငယ် မုဒိမ်းမှု (၆၇၂)မှု၊ အရွယ်ရောက်ပြီးသူ သက်ကြီးမုဒိမ်းမှု (၄၂၉)မှု၊ စုစုပေါင်း (၁၁၀၀) မှု ဖြစ်ပွားခဲ့ပြီး  တိုင်းဒေသကြီးအလိုက် ရန်ကုန်တိုင်းဒေသကြီးမှာ သက်ငယ်မုဒိမ်းမှု အများဆုံး ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)

No comments:

Powered by Blogger.