ချစ်သူတွေဖြစ်သွားတဲ့ တရုတ်မင်းသမီး ဂျန်လီနဲ့ ကိုရီးယားမင်းသား ဂျိုဂျင်မို
တောင်ကိုရီးယားမင်းသား ဂျိုဂျင်မိုဟာ တရုတ်မင်းသမီး ဂျန်လီနဲ့ ချစ်သူတွေဖြစ်သွားကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။
"ဂျိုဂျင်မိုက ဂျန်လီနဲ့ ချစ်သူတွေဖြစ်နေတယ်ဆိုတာ အမှန်ပါ။ ဂျန်လီက ကိုရီးယားကို လာလည်ချိန်မှာ ဂျိုဂျင်မိုက ကူညီပေးရင်း သူတို့ ရင်းနှီးသွားခဲ့ကြတာပါ" လို့ ဂျိုဂျင်မိုရဲ့အေဂျင်စီက ကိုယ်စားလှယ်တစ်ဦးက အတည်ပြု ပြောကြားခဲ့ပါတယ်။
၂၀၁၆ ခုနှစ် ဇူလိုင်လက ဂျိုဂျင်မိုနဲ့ ဂျန်လီတို့ဟာ တရုတ်ဒရာမာဇာတ်ကားတစ်ကားဖြစ်တဲ့ I'm Sorry, My Love ဇာတ်လမ်းတွဲကို ရိုက်ကူးရင်းဆုံတွေ့ခဲ့ကြပါတယ်။ ဇာတ်ကားရိုက်ကူးနေစဉ်အတွင်းမှာ သူတို့နှစ်ဦး ဒိတ်လုပ်နေတာကို တရုတ်မီဒီယာတွေက တွေ့ရှိခဲ့ပါသေးတယ်။
ဒါပေမဲ့ အဲဒီအချိန်တုန်းက မင်းသား ဂျိုဂျင်မိုက ကောလာဟလတွေကို ငြင်းပယ်ခဲ့ပြီး သူနဲ့ ဂျန်လီဟာ မိတ်ဆွေအဆင့်သာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အသက် ၄၂ နှစ်အရွယ် ဂျိုဂျင်မိုဟာ နာမည်ကြီး ဇာတ်ကားတွေဖြစ်တဲ့ Empress Ki ဇာတ်လမ်းတွဲနဲ့ Frozen Flower ဇာတ်ကားတို့မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
အသက် ၃၂ နှစ်အရွယ် တရုတ်မင်းသမီး ဂျန်လီကတော့ တရုတ်ဇာတ်ကားတွေဖြစ်တဲ့ Breakup Buddies နဲ့ I do တို့မှာ ပါဝင်ထားပါတယ်။
No comments: