Header Ads

Breaking News
recent

Fifty Shades Darker ကို တစ်ကိုယ်တည်း လာကြည့်ခွင့် တားမြစ်လိုက်တဲ့ အိုင်ယာလန်


ပွင့်လင်းတဲ့ အချစ်ဇာတ်ဝင်ခန်း တချို့နဲ့အတူ Fifty Shades of Grey ဇာတ်ကားမှာကတည်းက အောင်မြင်မှု အတော်အတန် ရရှိထားတဲ့ ရမ္မက်နှိုးကြွစေမယ့် စိတ်ကူးယာဉ်ဆန် အချစ်ဇာတ်ကားဟာ ၂၀၁၇ ခုနှစ်မှာတော့ Fifty Shades Darker နာမည်နဲ့ ထပ်မံထွက်ရှိလာပြန်ပြီ ဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်တွေနေရာမှာ မင်းသား Jamie Dornan က Christian Grey အဖြစ်နဲ့ မင်းသမီး Dakota Johnson က Anastasia Steele အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလေးတင်ပဲ အိုင်ယာလန်နိုင်ငံ၊ Navan မြို့၊ Diamond Cinema မှာ Fifty Shades Darker ရုံတင်ပြသသွားတဲ့ပွဲမှာတော့ ထူးခြားစွာနဲ့ပဲ တစ်ကိုယ်တည်း လာကြည့်တဲ့ အမျိုးသား ရုပ်ရှင်ကြည့် ပရိသတ်တွေကို ကြည့်ရှုခွင့် တားမြစ်လိုက်ပြီး အဲဒီလို တားမြစ်ရတာနဲ့ ပတ်သက်တဲ့ ကြေညာချက်ထဲမှာတော့ “တကယ်လို့သာ သင်ဟာ သင့်ချစ်သူကောင်လေးက Fifty Shades Darker ရုပ်ရှင်ကား သွားကြည့်ဖို့ အခေါ်ခံရတဲ့ မိန်းကလေးဆိုရင် အဲဒါဟာ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ သင်က နေရာတော်တော်များများ ယူထားနိုင်သူမို့လို့ပါ” လို့ ဖော်ပြထားပါတယ်။

No comments:

Powered by Blogger.