Header Ads

Breaking News
recent

သင့်ချစ်သူကောင်လေးမှာ ဒီအချက်လေးတွေ ရှိနေမယ်ဆိုရင် တစ်ဘဝလုံးလက်တွဲသင့်


အချစ်နဲ့အိမ်ထောင်ရေးက ကွာခြားမှုတွေအများကြီးရှိပါတယ်။ အချစ်ဆိုတာ နှလုံးသားတစ်ခုတည်းနဲ့ တည်ဆောက်လို့ရပေမယ့် အိမ်ထောင်ရေးသာယာဖို့ဆိုရင် နှလုံးသားနဲ့ဦးနှောက်ကို အချိုးညီပေးထားဖို့လိုပါတယ်။ ဒါဆိုဘယ်လိုလူမျိုးကို ဘဝတစ်လျှောက်လုံး လက်တွဲသင့်သလဲ။ ဒီမေးခွန်းလေးရဲ့ အဖြေကိုသိရအောင် အောက်ကအချက်အလက်တွေနဲ့ သင့်ချစ်သူကောင်လေးရဲ့ အပြုအမှုတွေနဲ့ တိုက်ကြည့်ရအောင်လားဗျာ

၁။ အခက်အခဲတွေကို ကြောက်ရွှံလေ့မရှိပဲ ပြသာနာတိုင်းကို ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ရှိနေတတ်သူ

၂။ သင့်ဘက်က အမှားတစ်ခုကိုလုပ်မိရင်တောင်နဲ့မှ သင့်ဘက်ကနေပဲ အမြဲရပ်တည်ပေးတတ်သူ

၃။ သင်ရဲ့အကြိုက်တွေ ၊ သင်ရဲ့ပြောပုံဆိုပုံလေးတွေ ၊ သင်ရဲ့အကျင့်စရိုက်လေးတွေ အသေးစိတ်ကအစ တန်ဖိုးထားတတ် အလေးထားတတ်သူ

၎။ ဘဝမှာ ဖြစ်ပေါ်တတ်လေ့ရှိတဲ့ ပြသာနာအသေးအမွှားများနဲ့ ကြီးကြီးမားမားတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ကျော်လွှားတတ်သ

၅။ သင်စိတ်ညစ်နေတဲ့အချိန်တိုင်း သင့်နှုတ်ခမ်းလေးဆီကနေ အပြုံးတွေအမြန်ဆုံးထွက်ပေါ်လာအောင် ကြိုးစားနိုင်တဲ့သူ

၆။ ပြသာနာတိုင်းကို စိတ်လိုက်မာန်ပါနဲ့ မဖြေရှင်းပဲ သင်နားလည်တဲ့အထိ ပြေပြေလည်လည် ရှင်းပြနိုင်မယ့်သူ

၇။ ပြသာနာတွေ ရင်ဆိုင်နေရချိန်မှာတောင် သင်ရဲ့အခက်အခဲကိုသာ ဦးစားပေးဖြေရှင်းတတ်သူ

၈။ ချစ်သူတစ်ယောက်လိုသာမက အကိုတစ်ယောက်လို ကာကွယ်ပေးတတ်ပြီး သူငယ်ချင်းတစ်ယောက်လိုလည်း ကူညီဖေးမတတ် အကြံညဏ်ပေးတတ်သူ

ဒီလိုအချက်ရှစ်ချက်ထဲက အနည်းဆုံးငါးချက်လောက်အထိ တူနေတယ်ဆိုရင်ပဲ သင့်အတွက် အကောင်းဆုံးအိမ်ထောင်ဖက်ဖြစ်လာမှာပါ။ ဒါကြောင့် ဒီအချက်အလက်တွေနဲ့ ပြည့်စုံနေတဲ့ချစ်သူဆိုရင် လုံးဝကို လက်မလွတ်သင့်ပါကြောင်း တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။

No comments:

Powered by Blogger.