Beauty and the Beast ဇာတ်ကားကို မလေးရှားတွင် မူရင်းအတိုင်းကြည့်ခွင့်ရရန် မျှော်လင့်
ကမ္ဘာကျော် ဝေါ့လ်တ်ဒစ္စနေး ကုမ္ပဏီရဲ့ “Beauty and the Beast” ဇာတ်ကားကို မွတ်ဆလင်နိုင်ငံတခုဖြစ်တဲ့ မလေးရှားမှာ ဆင်ဆာမဖြတ်ဘဲ မူရင်းအတိုင်း ကြည့်ခွင့်ရဖို့ ပရိသတ်တွေက မျှော်လင့်နေပါတယ်။
ပြင်သစ်နိုင်ငံ ရိုးရာပုံပြင်လေးတခုကို အခြေခံပြီး ဇာတ်ကားကြီးအဖြစ် ရိုက်ကူးထားတဲ့ “Beauty and the Beast” ဇာတ်ကားမှာ တက်သစ်စ ဗြိတိသျှမင်းသမီး အမ်မာဝက်ဆမ် (Emma Watson) က ဘဲလ်အဖြစ်၊ မင်းသား ဒန်စတီဗင် (Dan Stevens) က ဘဲလ်ကိုဖမ်းထားတဲ့ the Beast အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားမှာ ဘဲလ်ကို တဘက်သတ်ကြိုက်နေတဲ့ ဗီလိန် လီဖူ (LeFou) ရဲ့ ဇာတ်ရုပ်နေရာမှာ ဂေးတယောက်ရဲ့ပုံစုံ ဖန်တီးထားတာမို့ မလေးရှားဆင်ဆာဘုတ်အဖွဲ့က သူ့နိုင်ငံအတွင်း ပြသခွင့်ကို အခုလအစောပိုင်းက ပိတ်ပင်ခဲ့ပါတယ်။
ဂေးအဖြစ် သရုပ်ဆောင်ထားတဲ့ အခန်းတွေကို ဖြတ်ပေးဖို့ ဆင်ဆာဘုတ်အဖွဲ့က တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် ဝေါ့လ်တ်ဒစ္စနေးက အဲ့ဒီအခန်းတွေကို ဖြုတ်ပေးဖို့ ငြင်းဆန်ခဲ့ပြီး Film Appeals Committee ထံ အယူခံတင်သွင်းခဲ့ပါတယ်။
အယူခံ နိုင်တဲ့အတွက် မလေးရှားဆင်ဆာဘုတ်အဖွဲ့က “Beauty and the Beast” ဇာတ်ကားကို အခုလထဲမှာ ပြသခွင့်ပြုလိုက်ပါတယ်။
အဲဒီဇာတ်ကားကို အမေရိကန်နဲ့ ကနေဒါ အပါအဝင် ကမ္ဘာ့နိုင်ငံကြီးတွေမှာလည်း တပြိုင်တည်း ပြသနေပြီး အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ဝင်ငွေရရှိခဲ့ပြီးဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
No comments: