Header Ads

Breaking News
recent

တင်ပါးဒဏ်ရာကြောင့် စပါးစ်ကွင်းလယ်လူ လာမီလာ ရာသီကုန်အထိ အနားယူရမည်





အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ ကွင်းလယ်ကစားသမားတဦးဖြစ်တဲ့ အဲရစ်ခ် လာမီလာဟာ တင်ပါးဒဏ်ရာကြောင့် ရာသီကုန်အထိ လက်ကျန်ပွဲစဉ်တွေကို ဝင်ရောက်ကစားနိုင်မှာမဟုတ်ဘဲ အနားယူရတော့မှာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားနိုင်ငံသား လာလီမာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ကျန်းမာရေးပြဿနာကြောင့် မကစားနိုင်ခဲ့ဘဲ လာမယ့် ဧပြီ ၁ ရက်နေ့မှာတော့ ခွဲစိတ်မှုတခုလုပ်ဖို့ ရှိနေတာပါ။
စပါးစ်အသင်းကတော့ လာမီလာရဲ့ ဒဏ်ရာအခြေအနေဟာ တိုးတက်ကောင်းမွန်လာခဲ့ပေမယ့် လေ့ကျင့်ခန်းတော့ ပြန်ဆင်းနိုင်ဦးမှာ မဟုတ်ဘူးလို့ ပြောလိုက်တာပါ။
လာမီလာကတော့ “အရာရာအဆင်ပြေအောင် ကျနော်ကြိုးစားခဲ့ပါတယ်။ တင်ပါးက ဒဏ်ရာကတော့ ရာနှုန်းပြည့် မကောင်းသေးပါဘူး။ ကျနော်လိုချင်တဲ့ အဆင့်ထိတော့ မရောက်နိုင်သေးပါဘူး။ ဒီစိန်ခေါ်မှုတွေကို အကောင်းမြင်စိတ်နဲ့ပဲ ရင်ဆိုင်ရပါမယ်။ ကျနော် အသင်းဆီ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်သွားချင်နေပါပြီ” လို့ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ရေးခဲ့ပါတယ်။
လာမီလာဟာ စပါးအသင်းကို ၂၀၁၃ ခုနှစ်မှာ အီတလီစီးရီးအေ ရိုးမားကလပ်အသင်းကနေ ပြောင်းလာခဲ့တာပါ။
စပါးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ချယ်လ်ဆီးအသင်းနောက် ၁၀ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

No comments:

Powered by Blogger.