Header Ads

Breaking News
recent

မလေးရှားမှ နှင်ထုတ်ခံရသည့် မြောက်ကိုရီးယားသံအမတ်နှင့် မိသားစု တရုတ်နိုင်ငံရောက်ရှိ


မလေးရှားကနေ နှင်ထုတ်ခံရတဲ့ မြောက်ကိုရီးယားသံအမတ်နဲ့ မိသားစု မတ်လ ၇ ရက်နေ့က တရုတ်နိုင်ငံ ဘေဂျင်း အပြည်အပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာကြောင်း တရုတ်အစိုးရရုပ်သံဌာန စီစီတီဗွီ သတင်းထောက်က အတည်ပြုပြောဆိုပါတယ်။
မြောက်ကိုရီးယားသံအမတ်နဲ့ မိသားစုဟာ မလေးရှားကနေ လေယာဉ်နံပါတ် MH-360 နဲ့ မနေ့ည ၁၂ နာရီကျော်ကျော်လောက်မှာ ဘေဂျင်းလေဆိပ်ကို ရောက်ရှိလာတာဖြစ်ပြီး ဘေဂျင်းရှိ မြောက်ကိုရီးယားသံရုံးက ကားနဲ့လာကြိုသွားတယ်လို့ သူက ဆိုပါတယ်။
သံအမတ်မိသားစုဟာ ဘေဂျင်းမှာ တညအိပ်ပြီး မနက်ဖြန်မွန်းလွဲပိုင်းလောက်မှာ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့ကို ထွက်ခွာမှာဖြစ်ကြောင်း စီစီတီဗွီသတင်းထောက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Powered by Blogger.