Header Ads

Breaking News
recent

သင်္ကြန်တွင် သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းမလုပ်ရန် သတိပေး


လာမယ့်ဧပြီလ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အချိန်အခါမှာ အရက်သေစာကို သိက္ခာ ကျလောက်အောင် သောက်စားမူးယစ်တာတွေ ဆင်ခြင်ရှောင်ကြဉ်ကြဖို့ သာသာနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာနက နှိုးဆော်လိုက်ပါတယ်။
မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နဲ့ ဖီလာဆန့်ကျင်ပြီး  အမြင်မတင့်တယ်တဲ့ နေထိုင်ပြုမှုတာတွေ၊ ရုန့်ရင်းကြမ်းတမ်းစွာပြောဆိုတာတွေ၊ သူတစ်ပါး ဒဏ်ရာအနာတရဖြစ်စေမယ့် ကြမ်းတမ်းတဲ့ ရေကစားမှုတွေမလုပ်ဖို့လည်း တိုက်တွန်းပါတယ်။
သူတစ်ပါးနဲ့ အဖွဲ့အစည်းတွေရဲ့ ဂုဏ်သိက္ခာ ပျက်ပြားထိခိုက်စေတဲ့ သံချပ်ထိုး၊ သီဆိုတွေ မလုပ်ဖို့နဲ့ မြန်မာ့ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်မှုတွေကိုလည်း ဆင်ခြင်ရှောင်ကြဉ်ကြဖို့လည်း  ၀န်ကြီးဌာနက နှိုးဆော်ထားပါတယ်။

No comments:

Powered by Blogger.