Header Ads

Breaking News
recent

အစာကို သစ်ရွက်နှင့်လဲစားသည့် ခွေးကလေးရုပ်သံ ရေပန်းစား




ထိုင်းတောင်ပိုင်း ကရပီခရိုင်မှာ လေလွင့်ခွေးတကောင်က သစ်ရွက်ကိုက်ချီပြီး အစာနဲ့လဲစားတဲ့ ရုပ်သံတခု ရေပန်းစားနေပါတယ်။
အရပ်က ထိုဖူးလို့ အမည်ပေးထားတဲ့ ပိုင်ရှင်မဲ့ လေလွင့်ခွေးတကောင်ဟာ အစာစားချင်ရင် သစ်ရွက် ဒါမှမဟုတ် စက္ကူစ တခုခုကို ကိုက်ချီလာပြီး အစာနဲ့လဲစားလေ့ရှိတယ်လို့ อรวรรณ แก้วละเอียด  အမည်ရှိ အကောင့်ပိုင်ရှင်က ခွေးကလေးရဲ့ ဗွီဒီယိုဖိုင်နဲ့အတူ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ် တင်လိုက်ရာမှာ ၃ ရက်အတွင်း ကြည့်ရှုသူ ၂ သန်းကျော်သွားပြီး သတင်းဌာနတွေကပါ ဆက်သွယ်သတင်းယူခဲ့ကြပါတယ်။
အကောင့်ပိုင်ရှင်က သူဟာ အဲဒီခွေးကို အမြဲအစာကျွေးလေ့ရှိပေမယ့် တခြားအရပ်ဒေသကို ပြောင်းရွှေ့ဖို့ အကြောင်းပေါ်လာလို့ ခွေးကို ဆက်လက်အစာကျွေးကြဖို့ နှိုးဆော်ထားရာမှာ အဲဒီခွေးကို ခေါ်ယူမွေးစားချင်သူတွေ အများကြီးပေါ်လာကြတယ်လို့ သနေးရှင်းသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Powered by Blogger.