မိုးညှင်းမြို့မှာ မူးယစ်ဆေးဝါး ၁၃၂ သိန်းကျော်ဖိုး ဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်အုပ်စု၊ နမ္မချီအထက် မော်သစ်မှာ မတ် ၁၄ ရက် မွန်းလွဲပိုင်းက ကျပ် ၁၂၃ သိန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းမှ သိရပါတယ်။
မော်ဟန် ရဲကင်းစခန်းမှူး ရဲအုပ်စိုးဝင်းနဲ့တပ်ဖွဲ့ဟာ မော်ဟန်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး မိုးညှင်းမြို့မရဲစခန်းမှာဖမ်းဆီးထားတဲ့ တရားခံ နီနီဝင်းနဲ့ နေဆန်းဦးတို့ရဲ့ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံဖြစ်သူ ကျိန်ကွယ်လျန် ခေါ် လောကျိန်ရဲ့ နေအိမ်တဲအတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
၎င်းအိပ်ခန်း ဆိုဖာအောက် ပီနံအိတ်အတွင်းရှိ အမျိုးသမီးလက်ကိုင်အိတ်အတွင်းမှ အပြာရောင် ကပ်ခွာအိတ်ထဲတွင် စိတ်ကြွရူးသွပ်ဆေးပြားလို့ ယူဆရတဲ့ 88/1 စာတန်းပါ ပန်းရောင်ဆေးပြား ၂၀၀ ပြားစီပါ အထုပ် ၂၀ ထုပ်၊ စုစုပေါင်း ၄၀၀၀ ပြား၊ ဂရမ် ၄၀၀၊ ကာလတန်ဖိုး ၁၂၀ သိန်းအပြင် 88/1 စာတန်းပါ ပန်းရောင်ဆေးပြား ၁၀၀ ပြားစီပါ အထုပ် ၄ ထုပ် ၄၀ ဂရမ်၊ ကာလတန်ဖိုး ၁၂ သိန်း၊ အဖုံးဝါ ကော်ဘူးအတွင်းပါ ဘိန်းဖြူလို့ယူဆရတဲ့ ဖြူဝါကျားမှုန့် ၀ ဒသမ ၁ ဂရမ်ပါ ၁ ဘူး၊ ကာလတန်ဖိုး ၇၀၀၀ ကျပ်၊ စုစုပေါင်း မူးယစ်ဆေးဝါးတန်ဖိုး ၁၃၂ သိန်း ၇၀၀၀ ကျပ်နဲ့ ငွေစက္ကူရောရာ ၇၃ သိန်းကျပ်တို့ကို ဖမ်းဆီးရရှိခဲ့တာပါ။
မူးယစ်ဆေးဝါး လက်ဝယ်ထားရှိရောင်းချသူ လားရှိုးမြို့၊ ရပ်ကွက်-၁၂ နေသူ ဦးကျိန်ကွယ်လျန် (၄၅-နှစ်)ကို တရားလို ရဲအုပ်စိုးဝင်းက မိုးညှင်းမြို့မရဲစခန်းမှာ မတ် ၁၅ ရက်မှာ အမှုဖွင့်ခဲ့ပြီး မူးစိတ်ပုဒ်မ- ၁၅/၁၉(က)/၂၀(က) အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
No comments: