Header Ads

Breaking News
recent

ခန္ဓာကိုယ်တခုလုံး စပါးကြီးမြွေ ဝါးမျိုခံခဲ့ရသည့် အမျိုးသားအား မြွေဝမ်းဗိုက်ခွဲ ကယ်တင်





အင်ဒိုနီးရှားနိုင်ငံမှာ ၇ မီတာအရှည်ရှိတဲ့ စပါးကြီးမြွေတကောင် ဝါးမျိုခံထားခဲ့ရတဲ့ အမျိုးသားတဦးကို ထိတ်လန့်ကြောက်ရွံ့နေကြတဲ့ ရွာသားတွေက မြွေကြီးရဲ့ဝမ်းဗိုက်ကိုခွဲပြီး ဆွဲထုတ်ကယ်တင်ခဲ့ကြရပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက် ညပိုင်းက ဆူလာဝေစီကျွန်းအနောက်ဘက် ကျေးရွာတရွာမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အသက် ၂၅ နှစ်အရွယ် အက်က်ဘာ ဆလူဘိုင်ရိုဟာ အဲဒီနေ့က ဆီအုန်းစိုက်ခင်း လုပ်ငန်းခွင်ကို သွားရောက်ခဲ့ပြီးနောက်မှာ ပျောက်ဆုံးနေခဲ့တာပါ။
သူပျောက်ဆုံးနေခဲ့တဲ့အတွက် ရွာသားတွေဟာ နေရာအနှံ့ လိုက်လံရှာဖွေခဲ့ကြချိန်မှာတော့ သူပိုင်ဥယျာဉ်ရဲ့ အနောက်ဘက်မှာ စပါးကြီးမြွေတကောင် ဝါးမျိုခံထားရတာကို တွေ့ရပါတယ်။
သူဝတ်ဆင်ထားခဲ့တဲ့ ဘောင်းဘီအတို၊ လည်ရှည်ဖိနပ်နဲ့ တီရှပ်အင်္ကျီတွေကို တွေ့မြင်ရပြီး သူ့ရဲ့ ခန္ဓာကိုယ်တခုလုံးနီးပါးကို မြွေကြီးက ဝါးမျိုထားခဲ့တာပါ။
ထိတ်လန့်ကြောက်ရွံ့နေကြတဲ့ ရွာသားတွေဟာ ဓားနဲ့ မြွေကြီးရဲ့ဝမ်းဗိုက်ကို ခွဲကာ ဆွဲထုတ်ကယ်တင်နိုင်ခဲ့ကြပေမယ့် သူဟာ သေဆုံးပြီး ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။
အိမ်နီးချင်းတဦးဖြစ်တဲ့ ဆက်ထရီယာဝမ်က “အက်က်ဘာကို သူ့ရဲ့ဥယျာဉ်နောက်ဘက်မှာ တွေ့ခဲ့ရတာပါ။ သူဟာ ဆီအုန်းစိုက်ခင်းလုပ်ငန်းခွင်ဝင်ဖို့ ထွက်သွားခဲ့ပြီး ပြန်မလာခဲ့လို့ လူတွေက လိုက်ရှာခဲ့ကြရတာပါ” လို့ ပြောပါတယ်။


စပါးကြီးမြွေကြီး ဝါးမျိုခံရချိန်က သူ့ရဲ့အိမ်မှာ ဇနီးဖြစ်သူလည်း ရှိမနေခဲ့ဘူးလို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

No comments:

Powered by Blogger.