Header Ads

Breaking News
recent

ညောင်လေးပင်တွင် ၁၂ ဘီးယာဉ် ဘရိတ်ပေါက်ပြီး နေအိမ်ဝင်တိုက်




ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၉၈/၅)၊ မဒေါက်လမ်းဆုံအနီးမှာ မတ်လ ၂၉ ရက် နံနက် ၁ နာရီလောက်က ၁၂ ဘီး ယာဉ်တစီး ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ နေအိမ်တးလုံကို ဝင်တိုက်မိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်ကနေ မန္တလေးကို  ယာဉ်မောင်း ဦးအောင်ရီ မောင်းနှင်လာတဲ့ ယာဉ်အမှတ် 7D/2958 NISSA DIESEL အမျိုးအစား ကုန်မျိုးစုံ တင်ဆောင်လာတဲ့ ၁၂ ဘီးယာဉ်ဟာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ညောင်လေးပင်မြို့ မြို့မ (၁) ရပ်ကွက်၊ ဘုရားကြီးလမ်းရှိ နေအိမ်တလုံးကို ဝင်ရောက်တိုက်မိခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် ကားရှေ့ခေါင်းခန်းနဲ့ နေအိမ်အုတ်တံတိုင်း အပါအဝင် အိမ်ရှေ့ဝရန်တာတွေ ပျက်စီးခဲ့ပြီး ယာဉ်ပေါ် လိုက်ပါလာသူနဲ့ နေအိမ်အတွင်းရှိ လူတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါဘူး။
ညောင်လေးပင်မြို့ မြို့မရဲစခန်းက ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ ဦးအောင်ရီကို ရာဇသတ်ကြီးပုဒ်မ ၂၇၉/၄၂၇ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.