Header Ads

Breaking News
recent

နနွင်း၊ အရောင်တင်မှုန့်အပါအ၀င် အစားအသောက် ၁၈ မျိုး စားသုံးရန်မသင့်ဟု ကြေညာ




နနွင်းမုန့်၊ အရောင်တင်မုန့်၊ တုတ်ထိုးချိုချဉ်ပြား၊ ရောင်စုံဝေဖာချောင်း အပါအ၀င် အစားအသောက် ၁၈ မျိုးမှာ ခွင့်မပြုဆိုးဆေးတွေ သုံးထားတာကြောင့် စားသုံးဖို့ မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန် အသိပေးလိုက်ပါတယ်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ ဖော်ပြပါအစားအသောက်တွေမှာ ခွင့်မပြုဆိုးဆေးများ ပါဝင်ခြင်းတို့ကြောင့် စားသုံးရန်မသင့်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူတွေဟာ အစားအသောက်တွေမှာ သုံးစွဲရန်ခွင့်မပြုသောဆိုးဆေးများကို လုံးဝအသုံးမပြုဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားပါတယ်။

No comments:

Powered by Blogger.