Header Ads

Breaking News
recent

ဆေးရုံ ၁၁၀၀ ကော်ျတွင် သူနာပြု အင်အား ၁၅၀၀၀ ကျော် လစ်လပ်နေ




မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဆေးရုံပေါင်း ၁၁၀၀ ကျော်မှာ သူနာပြုပေါင်း ၁၅၀၀၀ ကျော် လစ်လပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က ပြောလိုက်ပါတယ်။
နေပြည်တော်မှာ ဒီနေ့လုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောခဲ့တာ ဖြစ်ပါတယ်။
“ဘယ်အရင်းအမြစ်တွေက နည်းနေလဲဆိုရင် သူနာပြုလို့ ပြောရမယ်။ ဘယ်လို နည်းနေလဲဆိုတော့ ဂဏန်းတချို့ တင်ပြခွင့်ပြုပါ။ ခွင့်ပြုတာက ၃၇၇၀၄၊ တကယ်တမ်း ခန့်ထားတဲ့နေရာမှာ ၂၀၆၈၃ ဦးပဲ ခန့်ထားနိုင်ပါတယ်။ ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် ၅၄.၈၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အဲ့ဒီတော့ လွယ်လွယ်နဲ့ ကောက်ချက်ချကြည့်ရင် ကျနော်တို့ ခန့်ထားနိုင်တဲ့ အင်အားရဲ့ ၅၀ ရာခိုင်နှုန်းသော သူနာပြုတွေနဲ့ တိုင်းပြည်မှာရှိတဲ့ ဆေးရုံတွေက လည်ပတ်နေတယ်ဆိုတာ အလေးအနက်ထားပြီး တင်ပြလိုပါတယ်။ ဆေးရုံပေါင်း ၁၁၂၃ ရုံမှာ လစ်လပ်တာက ၁၅၁၁၈ ယောက်။”
ရခိုင်နှုန်းအားဖြင့် ၄၃ ရာခိုင်နှုန်း လစ်လပ်နေတယ်လို့လည်း ပြောပါတယ်။
တခါ သူနာပြုသင်တန်းဆင်းတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ပြည်သူ့ဆေးရုံတွေမှာ အလုပ် မ၀င်ကြဘူးလို့လည်း သူက ရှင်းပြခဲ့ပါသေးတယ်။
“၂၀၁၅ ခုနှစ်မှာ သူနာပြုသစ်လွင် ခန့်ထားတဲ့အခါမှာ သူနာပြုသိပံ္ပဘွဲ့ရတဲ့အခါမှာ ကျနော်တို့ ခန့်ထားခဲ့တာ ၂၅၅ ဦးပါ၊ အလုပ်ဝင်လာတာ ၁၉၄ ဦး ဖြစ်ပါတယ်။ အဲ့ဒီတော့ အလုပ်မ၀င်တဲ့သူက ၆၁ ဦး ဖြစ်ပြီးတော့ ရာခိုင်နှုန်းအားဖြင့် ပြောရင် သင်တန်းဆင်းတွေရဲ့ ၂၃.၉၂ ရာခိုင်နှုန်း၊ ပိုပိုသာသာလေးပဲ ပြောပြော၊ လွယ်အောင်မှတ်ချင်တယ် ပြောပြော ၂၅ ရာခိုင်နှုန်းသော သူနာပြု ၄ ဦးမှာ ၁ ဦးက ကျနော်တို့ ပြည်သူ့ဆေးရုံတွေမှာ ၀င်ရောက်ခြင်း မရှိကြပါဘူး။”


မြန်မာနိုင်ငံမှာ သူနာပြုတက္ကသိုလ် ၂ ခုနဲ့ သူနာပြုနဲ့ သားဖွား သင်တန်းကျောင်းပေါင်း ၅၀ ကနေ သူနာပြုတွေ မွေးထုတ်ပေးနေပြီး လက်ရှိမှာ သင်တန်းသားပေါင်း ၉၉၀၀ ကျော် တက်ရောက်နေပါတယ်။

No comments:

Powered by Blogger.