မြွေဟောက်နှင့် အကြောက်အလန့်မရှိ ဆော့ကစားပြခဲ့သည့် အမျိုးသား
မြွေဟောက်တကောင်မဟုတ်ဘဲ သာမန်ရိုးရိုးမြွေတကောင်ကို ထိပ်တိုက်ရင်ဆိုင်တွေ့ကြပြီ ဆိုတာနဲ့ လူတိုင်းဟာ လွတ်မြောက်အောင် ထွက်ပြေးကြမှာပါပဲ။
ဒါပေမယ့် ဒီအမျိုးသားကတော့ မြွေဟောက်ကို ရဲရဲရင်ဆိုင် ကစားပြခဲ့တာကို အသည်းယားစဖွယ် တွေ့မြင်ရမှာပါ။
သူဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုက အလုပ်သမားတဦးဖြစ်ပြီး မြွေဟောက်ရှိနေတဲ့ တွင်းဝကို ပေါက်ပြားနဲ့ တူးခဲ့ချိန်မှာ မြွေဟောက်ဟာ ပါးပျဉ်းထောင်ပြီး ထွက်လာခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် သူဟာ အော်ဟစ်ပြီး ကြောက်လန့်ကာ ပြေးမသွားခဲ့ဘဲ မြွေဟောက်ကိုကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
သူဟာ လက်ချည်းဗလာနဲ့ မြွေဟောက်ရဲ့ အမြီးကနေ ကိုင်ခဲ့ကာ လေထဲမှာ ဝှေ့ယမ်းခါလိုက်၊ ပါးပျဉ်းတထောင်ထောင်ဖြစ်နေတဲ့ မြွေဟောက်ကို ဆော့ကစားလိုက်နဲ့ ရှိနေခဲ့ပြီး လက်သုတ်ပဝါစတခုကို အသုံးပြုပြီး မြွေဟောက်ကို ငြိမ်သက်သွားအောင် လုပ်ပြနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။
No comments: