ဆင်များနေ့အထိမ်းအမှတ်အဖြစ် ထိုင်းတွင် ဆင်ကောင်ရေ ၆၀ ခန့်ကို သစ်သီးဘူဖေးကျွေး
ထိုင်းနိုင်ငံ ရှေးဟောင်းအယုဒ္ဓယမြို့မှာ မတ်လ ၁၃ ရက်နေ့က ဆင်များနေ့ အထိမ်းအမှတ်အနေနဲ့ ဆင်ကောင်ရေ ၆၀ လောက်ကို သစ်သီးဘူဖေး ကျွေးခဲ့တယ်လို့ သိရပါတယ်။
ဆင်တွေအပေါ် အမြတ်ထုတ်တာကို အဆုံးသတ်စေဖို့ အခုလိုကျင်းပတာ ဖြစ်ပါတယ်။
ဆင်များနေ့အထိမ်းအမှတ်ကို ၁၉၉၈ ခုနှစ်မှာ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးပညာရှင်တွေက စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းလူမျိုးတွေကို ဆင်တွေရဲ့ အရေးပါပုံ သိမြင်စေပြီး စောင့်ရှောက်တတ်စေဖို့ အခုလိုကျင်းပတာ ဖြစ်ပါတယ်။
အယုဒ္ဓယ ဆင်ထိန်းသိမ်းရေးစခန်း မန်နေဂျာ လိုင်သုန်ဂရမ်က အခုအခါ ဆင်ကောင်ရေ ၃၀ ရာခိုင်နှုန်းကို အလုပ်မလုပ်ခိုင်းတော့ကြောင်း၊ ထိုင်းလူမျိုးတွေနဲ့ နိုင်ငံခြားသားတွေဟာ ဆင်တွေရဲ့ အစာဖိုးကို ပေးကြပြီး ဆင်ထိန်းသိမ်းရေးရန်ပုံငွေကို ထည့်ဝင်ကြကြောင်း ပြောပါတယ်။
ဆင်တွေဟာ ထိုင်းနိုင်ငံရဲ့ အမှတ်လက္ခဏာဖြစ်ပြီး အလေးအနက်ထားခံရပါတယ်။
အာရှဆင်ထိန်းသိမ်းရေးအဖွဲ့အစည်း အယ်လီအေးတ်ရဲ့ အဆိုအရ ထိုင်းနိုင်ငံမှာ ဆင်ရိုင်းကောင်ရေ ၃၇၀၀ ခန့်ရှိပြီး ဆင်ယဉ် ၄၀၀၀ အထိရှိကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
No comments: