Header Ads

Breaking News
recent

နေအိမ်အလုံးလိုက် ခိုးယူသွားသည့် တရားခံကို ဖမ်းမိ





ရန်ကုန်မြို့ ဒဂုံတောင်မြို့နယ် ၂၅ ရပ်ကွက်၊ ဒဂုံတောင်ပန်းခြံရှေ့က အိမ်အလုံးလိုက် ခိုးယူခဲ့တဲ့ တရားခံကို ဖမ်းမိထားတယ်လို့ ဒဂုံတောင်ရဲစခန်းက ပြောပါတယ်။
မတ်လ ၁၉ ရက်နေ့က ဉာဏ်ထွန်း (ခ) ကုလားပု ကို ဖမ်းဆီးရမိထားပြီး တရားရုံးမှာ ရမန်ယူ ထားတယ်လို့ သိရပါတယ်။
အဲဒီလို နေအိမ်အလုံးလိုက်ခိုးယူမှုကို ဒဂုံတောင်ရဲစခန်းက ပုဒ်မ ၃၇၉ နဲ့ တရားစွဲဆိုထားတာပါ။ အိမ်ရှင်ဖြစ်သူ ဦးလူမော်က မတ်လ ၁၇ ရက်နေ့က လူအင်အား ၁၀ ယောက်လောက်နဲ့နေအိမ်ကို နေ့ခင်းဘက်ဖျက်ဆီးခိုးယူခဲ့တာလို့ ပြောပါတယ်။
အဲဒီလိုခိုးယူခဲ့တဲ့အတွက် ကွင်းဆက်တရားခံတွေကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးဖို့ ကျူးလွန်သူ တွေကို ပိုင်နက်ကျူးလွန်မှုနဲ့ပါ အမှုဖွင့်ပေးဖို့ ဒဂုံတောင်မြို့နယ်မြို့မစခန်းမှူး မောင်မောင်ဦးနဲ့ ဒီနေ့မှာ တွေ့ဆုံပြီး ပြောဆိုခဲ့ပါတယ်။
သတင်း – စိုးမိုးအောင်

No comments:

Powered by Blogger.