ခရီးသည်တင်ယာဉ်မောင်း အိပ်ငိုက်ပြီး ကုန်ကားကြီးကို ကြောက်မက်ဖွယ်ဝင်တိုက် (ရုပ်သံ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်က အဝေးပြေးလမ်းပေါ်မှာ လူ ၈၄ ယောက်ကို တင်လာတဲ့ ၂ ထပ် ဘတ်စ်ကားတစီးက ကုန်ကား နောက်မြီးကို ဝင်တိုက်အပြီး လမ်းဘေးမှာ ကာရံထားတဲ့ အရံအတားတွေကို ဝင်တိုက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၃ က ကားတိုက်မှု အကြောင်းရင်းဟာ ဘတ်စ်ကားမောင်းသူ အိပ်ငိုက်နေလို့ ဖြစ်တယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒီမတော်တဆမှုကြောင့် ဘတ်စ်ကားပေါ်က ခရီးသည်တချို့ ဒဏ်ရာရပြီး ဒဏ်ရာရသူ တယောက်က ဆေးရုံပေါ်မှာ သေဆုံးခဲ့ပါတယ်။
ဘတ်စ်ကားရဲ့ လုံခြုံရေး ကင်မရာက ရိုက်ကူးထားတဲ့ ပုံရိပ်ထဲမှာ ကားက တိုးဂိတ်ကို ကျော်ပြီး နင်ဘိုမြို့ကနေ နင်ဟိုင်မြို့နယ်ထဲ အဝင်မှာ ကား မောင်းသူ အိပ်ငိုက်လာတာ မြင်ရပါတယ်။ မျက်စိ ပိတ်လျက်သား စက္ကန့် ၂၀ လောက် ကားမောင်းပြီးမှာ ယာဉ်တိုက်မှု ဖြစ်ခဲ့တာပါ။ ကုန်ကားကို တိုက်မိမလို ဖြစ်ချိန်မှာ လန့်နိုးလာပြီး မတိုက်မိအောင် ကားကို ခပ်ကြမ်းကြမ်း ကွေ့ခဲ့ပါတယ်။ ဒါပေမယ့် ကုန်ကား နောက်ပိုင်းကို တိုက်အပြီး လမ်းအရံအတားကို ဆက်ပြီး တိုက်မိခဲ့ပါတယ်။ ကားက အရှိန်မထိန်းနိုင်ဘဲ မရပ်ခင်မှာ နောက်ထပ်မီတာ ၄၀ လောက် ဆက်သွားခဲ့တာ တွေ့ရပါတယ်။
ကားမောင်းသူဟာ အရင်ညကလည်း မအိပ်ခဲ့ရဘူးလို့ ဒေသခံ ရဲတွေက ပြောပါတယ်။ လူသေတဲ့ ဆိုးဆိုးရွားရွား ယာဉ်တိုက်မှုအတွက် ကားမောင်းသူကို ရဲတွေက ဖမ်းထားပါတယ်။
No comments: