Header Ads

Breaking News
recent

နှစ်ပေါင်း ၂၅၀ နီးပါးကာလအတွင်း ရုရှားမီးတောင်တလုံး ကြောက်မက်ဖွယ်ပေါက်ကွဲ





ရုရှားနိုင်ငံရဲ့ ကြီးမားတဲ့ မီးတောင်တလုံးဖြစ်တဲ့ ကမ်ဘဲလ်နီ မီးတောင်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ကြောက်မက်ဖွယ် ပေါက်ကွဲခဲ့ပါတယ်။
ဒါဟာ နှစ်ပေါင်း ၂၅၀ နီးပါးကာလအတွင်း ပထမအကြိမ် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ စီဂျီတီအဲန် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အမြင့် ၇၁၀၃ ပေရှိတဲ့ ဒီမီးတောင်ဟာ ရုရှားနိုင်ငံ၊ ကမ်ချက်တ်ကာကျွန်းဆွယ် တောင်ပိုင်းမှာ တည်ရှိတာဖြစ်ပြီး ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မီးခိုးလုံးနဲ့ ပြာမှုန်တွေဟာ အမြင့် ၇ မီတာအထိ လွင့်စင် ပေါက်ကွဲထွက်သွားခဲ့တာကို တွေ့ရပါတယ်။
ခုလို ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့မှုကြောင့် တခြားထိခိုက်မှုတွေ မရှိခဲ့ပေမယ့် အနီးနား ဒေသခံတွေကိုတော့ ဘေးအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားခဲ့ရပါတယ်။

No comments:

Powered by Blogger.