Header Ads

Breaking News
recent

မြန်မာနယ်စပ်အနီး တရုတ်စစ်တပ် ဝေဟင်မြေပြင်စစ်ရေးလေ့ကျင့်





မန်မာနယ်စပ်အနီးမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ကျည်ဆန်အစစ်တွေသုံးပြီး ဝေဟင်-မြေပြင် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက အတည်ပြုထုတ်ပြန်ပါတယ်။
မတ်လ ၂၈ ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုမှာ ခြေလျပ်တပ်၊ အမြောက်တပ်နဲ့ လေတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်ခဲ့ပြီး နှစ်စဉ်ပုံမှန်စစ်ရေးလေ့ကျင့်တဲ့ အစီအစဉ်အရ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ နယ်စပ်ဒေသမှာ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့နဲ့ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးဖို့ဆိုတဲ့ တရုတ်စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပြသတာဖြစ်တယ်လို့  စစ်ဆင်ရေးတာဝန်ယူထားတဲ့ တရုတ်စစ်တပ် အဆင့်မြင့်အရာရှိ ဗိုလ်မှူးကြီး ဖန်ဇင်းက ပြောပါတယ်။
ခုလို စစ်ရေးလေ့ကျင့်ဖို့အတွက် တရုတ်အာဏာပိုင်တွေက မြန်မာဘက်ကို ကြိုတင် အကြောင်းကြားခဲ့တယ်လို့လည်း ဆိုပါတယ်။


ဒီစစ်ရေးလေ့ကျင့်မှုဟာ မြန်မာ-တရုတ်နယ်စပ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပြီးချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

No comments:

Powered by Blogger.