မီးလောင်မှုကြောင့် ပီရူးလေကြောင်းလိုင်းမှ လေယာဉ်တစီး အရေးပေါ်ဆင်းသက်
မတ် ၂၈ ရက်နေ့က ခရီးသည်တင်လေယာဉ်တစီး မီးစွဲလောင်ခဲ့တာကြောင့် ပီရူးနိုင်ငံ အန်းဒီးစ်တောင်တန်းတွေပေါ်က ဟောင်ဟာမြို့ လေယာဉ်ကွင်းမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
ပီရူးလေကြောင်းလိုင်းက အဲဒီလေယာဉ်ဟာ ပီရူးနိုင်ငံ မြို့တော် လီမာကနေ ထွက်ခွာလာပြီးတဲ့နောက် ညာဘက်တောင်ပံကနေ မီးစတင်လောင်ကျွမ်းတာလို့ သိရပါတယ်။
အရေးပေါ်ဆင်းသက်ရာမှာ ပြေးလမ်းကြောင်းကနေ လမ်းချော်ခဲ့ပေမယ့် လေယဉ်ကိုယ်ထည်ကို မီးမစွဲခင်မှာ ခရီးသည်တွေအားလုံး လေယာဉ်ထဲကနေ ထွက်ခွာနိုင်ခဲ့ပါတယ်။
ဒါကြောင့် ထိခိုက်ဒဏ်ရာ အကြီးအကျယ် မရခဲ့ကြပါဘူး။ တာဝန်ရှိသူတွေက မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်နေပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
No comments: