Header Ads

Breaking News
recent

အစ္စရေးတွင် အမှိုက်မှ လောင်စာထုတ်သည့်စက်ရုံ စတင်လည်ပတ်




အစ္စရေးနိုင်ငံ တယ်အဗီးမြို့နဲ့ သိပ်မဝေးတဲ့ တနေရာမှာ အမှိုက်တွေကနေ လောင်စာထုတ်လုပ်တဲ့ စက်ရုံတရုံ စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။
ထွက်လာတဲ့ လောင်စာတွေကို အနားမှာရှိတဲ့ ဘိလပ်မြေစက်ရုံအတွက် ပြန်လည်အသုံးပြုတယ်လို့ သိရပါတယ်။
ဒီစက်ရုံဟာ ကမ္ဘာ့အကြီးဆုံး အမှိုက်ကနေ လောင်စာထုတ်တဲ့စက်ရုံ ဖြစ်တယ်လို့ လောင်စာစက်ရုံပိုင်ရှင်က ပြောပါတယ်။
နေ့စဉ် အမှိုက်တန်ပေါင်း ၁၅၀၀ လောက်ကို လောင်စာအဖြစ် ပြောင်းလဲထုတ်လုပ်နေတယ်လို့ သိရပြီး အဲဒီအမှိုက်တွေရဲ့ တဝက်လောက်က တယ်အဗီး တမြို့တည်းကနေ ရရှိတာပါ။
ပြန်လည်အသုံးပြုနိုင်တဲ့ စက္ကူနဲ့ သတ္တုတွေကို ဖယ်ရှားပြီး ကျန်နေတဲ့ အမှိုက်တွေကို ခြောက်သွေ့ပြီး လောင်ကျွမ်းအားကောင်းတဲ့ လောင်စာအဖြစ်နဲ့ အစ္စရေးနိုင်ငံရဲ့ အကြီးဆုံး ဘိလပ်မြေစက်ရုံကို ပို့ပါတယ်။
အမှိုက်ကနေရတဲ့ လောင်စာကို အခုချိန်မှာ သဘာဝဝန်းကျင်ကို ပိုမိုထိန်းသိမ်းနိုင်တဲ့ လောင်စာအဖြစ် တကမ္ဘာလုံးမှာ ပိုအသိအမှတ်ပြုလာကြပြီး ဘိလပ်မြေစက်ရုံတွေမှာ အသုံးများတယ်လို့ လောင်စာစက်ရုံပိုင်ရှင်က ပြောပါတယ်။
တယ်အဗီးမြို့ရဲ့ ဒု-မြို့တော်ဝန်လည်းဖြစ်ပြီး ဒေသတွင်း စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒိုရွန်စေပါက “ဒီစက်ရုံဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကောင်းမွန်တဲ့ ခြေလှမ်းတခုဖြစ်ပြီး အနာဂတ်မှာ ဒီလိုစက်ရုံတွေ ဆက်လက်တည်ဆောက်သွားဖို့ ရှိတယ်လို့ ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Powered by Blogger.