Header Ads

Breaking News
recent

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ၄ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ




အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဒိုင်ကိုစော်ကားတဲ့ စကားတွေ ပြောဆိုလို့  ၄ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။
အာဂျင်တီးနားနဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ချီလီကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က ပွဲစဉ်မှာ လက်ထောက်ဒိုင်ကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
၎ ပွဲပယ် ပြစ်ဒဏ်ကြောင့် မက်ဆီဟာ ကစားဖို့ကျန်နေတဲ့ ဘရာဇီး၊ ဥရုဂွေး၊ ဗင်နီဇွဲလား ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
ပွဲပယ်ပြစ်ဒဏ်အပြင် မက်ဆီဟာ ငွေဒဏ်အဖြစ် ပေါင် ၈၁၀၀ ပေးဆောင်ရမှာပါ။
တိုက်စစ်မှူး မက်ဆီဟာ လက်ရွေးစင်အသင်းအတွက် ခြေစစ်ပွဲတွေမှာ ၁ ဂိုးပဲ သွင်းနိုင်သေးပြီး ဂိုးရဖို့ ရုန်းကန်နေရပါတယ်။

No comments:

Powered by Blogger.