အစ္စရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁ ဦး သေဆုံး
မတ်လ ၂၃ ရက်နေ့မှာ အစ္စရေးတပ်ဖွဲ့တွေက ပါလက်စတိုင်းတစ်ယောက်ကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
အစ္စရေး-ပါလက်စတိုင်း ပူးပေါင်းအုပ်ချုပ်တဲ့ အနောက်ဘက်ကမ်းခြေဒေသ ရာမာလာမြို့နားက ရပ်ကွက်တခုကို ပါလက်စတိုင်းတွေက လောင်စာဆီဗုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အစ္စရေးတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အစ္စရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ၁၇ နှစ်အရွယ် ပါလက်စတိုင်း ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
အဲဒီ ၃ ဦးထဲက ၁ ဦးရဲ့အခြေအနေဟာ စိုးရိမ်ရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအဖွဲ့တွေက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာ ဒဏ်ရာရရှိသူတွေကို ရာမာလာမြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
ဆန္ဒပြပွဲတွေ၊ ပစ်ခတ်မှုတွေအတွင်း သေဆုံးခဲ့ကြတဲ့ ပါလက်စတိုင်းတွေထဲက အနည်းဆုံး ၁၆၀ ဟာ အစ္စရေးလူမျိုးတွေကို ဓားနဲ့ထိုး သေနတ်နဲ့ပစ် စတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ကြသူတွေ ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အဲဒီအကြမ်းဖက်မှုတွေကြောင့် ၂၀၁၅ ခုနှစ် အောက်တိုဘာကနေစပြီး ခုချိန်ထိ အမေရိကန် ခရီးသွားနှစ်ယောက်နဲ့ အစ္စရေးနိုင်ငံသား ၃၇ ယောက် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
No comments: