Header Ads

Breaking News
recent

အိန္ဒိယလက်ရွေးစင် ဘောလုံးအသင်းတွင် ချင်းလူမျိုးကစားသမား ၃ ဦးပါဝင်





မြန်မာ့လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် အိန္ဒိယလက်ရွေးစင်အသင်းမှာ ချင်းလူမျိုးကစားသမား ၃ ဦး ပါဝင်နေတယ်လို့ သိရပါတယ်။
ဒီကစားသမားသုံးဦးဟာ အိန္ဒိယနိုင်ငံ မီဇိုရန်ပြည်နယ်မှာနေထိုင်တဲ့ ချင်းမျိုးနွယ်စု တစ်ခုဖြစ်တဲ့ မီဇို လူမျိုးတွေဖြစ်ပါတယ်။
အိန္ဒိယလက်ရွေးစင်အသင်းမှာ ချင်းလူမျိုးကစားသမားတွေဖြစ်တဲ့ နောက်တန်း ကစားသမား လာရင်ဇူယာ လာ၊ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လာပတ်ယူယာနဲ့ လာလင်ပူရီယာ ပါဝင်နေတာဖြစ်ပါတယ်။
နောက်တန်း ကစားသမား လာရင် ဇူယာလာဟာ အသက် ၁၈ နှစ်သာရှိသေးပြီး အိန္ဒိယကလပ် ရှိဗာဂျန်အသင်းကနေ ပထမဆုံးအကြိမ် လက်ရွေးစင်အသင်းမှာ ပါဝင်လာတာပါ။ တိုက်စစ်ကစား သမားတစ်ဦးဖြစ်တဲ့ အသက် ၁၉ နှစ်ရှိ လာလင်ပူ ရီယာက ဘင်ဂါလူရူကလပ်မှာ ကစားနေတာဖြစ်ပြီး အိန္ဒိယလက်ရွေးစင်အတွက် ၁ ပွဲကစားထားပါတယ်။
နောက်ထပ် တိုက်စစ်မှူးတဦးဖြစ်တဲ့ လာပတ်ယူလာကတော့ အသက် ၂၆ နှစ်ရှိပြီး အိန္ဒိယအသင်းမှာ ၂၀၁၁ကတည်းက ပါဝင်ကစားခဲ့ပြီး ၃၈ ပွဲမှာ ၁၇ ဂိုးသွင်းယူထားပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့မဏိပူရ ပြည်နယ်တွေမှာ ၁၉၈၀ ပြည့်နှစ်လောက်ကတည်းက ချင်းလူမျိုးတစ်ခုဖြစ်တဲ့ မီဇိုလူမျိုးတွေ အခြေချနေထိုင်ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံသား အဖြစ်ခံယူထားကြတယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းမှာတော့ ချင်းလူမျိုးကစားသမားတွေအဖြစ် နောက်ခံလူ ဖြိး ကိုကိုသိန်း၊ တလန်ဟုတ်ထန်၊ တောင်ပံကစားသ မားဒေးဗစ်ထန် နဲ့ တိုက်စစ်မှူး ဆောင်လမန်တို့ ရွေးချယ်ခံထားရပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းနဲ့ အိန္ဒိယအသင်းတို့ရဲ့ အာရှဖလားခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကို လာမယ့် မတ်လ၂၈ ရက်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

No comments:

Powered by Blogger.