မြန်မာမှ ၃ ဦး အပါအ၀င် စစ်သွေးကြွ ၆ ဦး ကော့စ်ဘဇားတွင် ဖမ်းမိ
ဘင်္ဂလာဒေ့ရှ် ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံသား ဆိုသူ ၃ ဦး အပါအ၀င် စစ်သွေးကြွ ၆ ဦးကို ကော့စ်ဘဇားမြို့ရှိ ဟိုတယ် တစ်ခုမှ ဖမ်းဆီးလိုက်သည်ဟု ဘင်္ဂလာဒေ့ရှ် သတင်းများတွင် ဖော်ပြသည်။
ကော့စ်ဘဇား ရဲမင်းကြီး Md Ashfarujul Haque Tutul က သတင်းအရ ဟိုတယ် ယမုံနာ ( Jamuna) ဧည့်ရိပ်သာအား ယမန်နေ့ ညနေ ၇ နာရီ ၃၀ မိနစ်တွင် ၀င်ရောက် စီးနင်းရှာဖွေရာမှ ၎င်းတို့အား ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသည်။
ထိုမြန်မာနိုင်ငံသား ၃ ဦးမှာ UN မှ ဖွင့်လှစ်ထားသော ကောစ်ဘဇားခရိုင်ရှိ ကောတော့ပလောင် ဒုက္ခသည် စခန်းမှ Nurul Amin ၊ Mohammad Yasin နှင့် Abdul Aziz ဆိုသူတို့ ဖြစ်ကြသည်ဟု ဆိုသည်။ ၎င်း ၃ ဦးအထဲမှ Abdul Aziz ဆိုသူမှာ ဒုက္ခသည် စခန်း ပြင်ဘက်ရှိ အစ္စလာမ်မစ် ဘာသာရေးကျောင်းတွင် အလုပ် လုပ်သူဟု သတင်းတွင် ဖော်ပြသည်။
ကျန် ၃ ဦးမှာ Noor Hossain၊ Mohammad Ilias နှင့် Dil Mohammad တို့ ဖြစ်ကြသည်။
သူတို့အား လက်ရှိ အချိန်တွင် စစ်ဆေးနေပြီး ယနေ့ မွန်းလွဲပိုင်းတွင် ကော့စ်ဘဇားမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု ရဲမင်းကြီးက ပြောကြားသည်။
No comments: