Header Ads

Breaking News
recent

ချီကာဂိုတွင် နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ခရီးသွားများ အခက်ကြုံ




အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမြို့မှာ မတ် ၁၄ ရက်နေ့က အင်အားပြင်းထန်တဲ့ နှင်းမုန်တိုင်းတိုက်ခတ်ခဲ့တဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့ပြီး ခရီးသွားတွေ အခက်ကြုံခဲ့ရပါတယ်။
ဒီနှင်းမုန်တိုင်းဟာ ဂရိတ်လိတ်ရေကန်ပေါ် ဖြတ်သန်းတိုက်ခတ်တဲ့ လေအေးတွေကနေ ငွေ့ရည်စုဖွဲ့ပြီး ကမ်းခြေမှာ နှင်းအဖြစ်ရွာကျတာလို့ မိုးလေ၀သပညာရှင်တွေက ပြောပါတယ်။
နှင်းမုန်တိုင်းကြောင့် အမြင်မသဲကွဲတာတွေ ဖြစ်တယ်လို့ ခရီးသွား တစ်ဦးက ပြောပါတယ်။ အမေရိကန်အစိုးရ အမျိုးသားမိုးလေ၀သဌာနက နှင်းမုန်တိုင်း ကြိုတင်သတိပေးချက် ထုတ်ပြန်ထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Powered by Blogger.