Header Ads

Breaking News
recent

မဖြစ်နိုင်သည့်အရာကို ထပ်လုပ်ပြနိုင်ခဲ့ဟု လက်စတာအသင်းခေါင်းဆောင် ပြော




ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီဗီလာကို အနိုင်ယူပြီး ကွာတားဖိုင်နယ် ရောက်ခဲ့တာဟာ မဖြစ်နိုင်တဲ့အရာကို ထပ်လုပ်ပြနိုင်ခဲ့တာဖြစ်တယ်လို့ လက်စတာအသင်းခေါင်းဆောင် ဝက်စ်မော်ဂန်က ပြောကြားလိုက်ပါတယ်။
လက်စတာအသင်းဟာ ပြီးခဲတဲ့နှစ်ကလည်း ပရီးမီးယားလိဂ်ချန်ပီယံဖလားကို ရယူပြီး မထင်မှတ်တာတွေ လုပ်ပြနိုင်ခဲ့သလို ဒီနှစ်ချန်ပီယံလိဂ်မှာလည်း အဲဒီလို မဖြစ်နိုင်တဲ့အရာကို ထပ်လုပ်ပြနိုင်ခဲ့တာဖြစ်တယ်လို့ မော်ဂန်က ဆိုပါတယ်။
ဆီဗီလာကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့အတွက် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အံ့အားသင့်မိပြီး လူတွေရဲ့ဝေဖန်မှုတွေ မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ လက်စတာနောက်ခံလူ မော်ဂန်က ဆိုပါတယ်။


လက်စတာနည်းပြ ရှိတ်စပီးယားဟာလည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရောက်အောင် စွမ်းဆောင်နိုင်တဲ့ ဒုတိယမြောက် အင်္ဂလိပ်နည်းပြအဖြစ် ဟယ်ရီ ရက်နက်နဲ့အတူ မှတ်တမ်းဝင်ခဲ့ပါတယ်။

No comments:

Powered by Blogger.