Header Ads

Breaking News
recent

ဒိုင်လူကြီးဆုံးဖြတ်ချက် ပြန်လည်ဆွေးနွေးနိုင်ရေး အသင်းခေါင်းဆောင်ကို သတ်မှတ်ပေးရန် စီစဉ်



ဘောလုံးပြိုင်ပွဲတွေမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ဆွေးနွေးနိုင်ဖို့အတွက် အသင်းခေါင်းဆောင်တဦးကို သတ်မှတ်ပေးဖို့ စီစဉ်နေပါတယ်။
လက်ရှိ ဘောလုံးပြိုင်ပွဲတွေမှာ ကစားသမားတွေအနေနဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို ကစားသမားအားလုံးက စောဒကတက်မှုတွေ ရှိနေတာပါ။
ဒီလိုအခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် အသင်းခေါင်းဆောင်တဦးကိုပဲ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆွေးနွေးပြောကြားစေဖို့ ပြောင်းလဲသတ်မှတ်သွားမယ်လို့ သိရပါတယ်။
ဒီစည်းမျဉ်းကို အတည်ပြုနိုင်ဖို့အတွက် မတ်လ ၃ ရက်နေ့မှာ ပြုလုပ်မယ့် နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဒီလို စည်းမျဉ်းသတ်မှတ်လိုက်တဲ့အတွက် ဒိုင်လူကြီးတွေနဲ့ ကစားသမားတွေကြားမှာ အပြန်အလှန်လေးစားမှု ရရှိစေနိုင်တာကြောင့် အတည်ပြုသတ်မှတ်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဒေးဗစ် အယ်လ်လာရေးက ပြောပါတယ်။

No comments:

Powered by Blogger.