Header Ads

Breaking News
recent

အမေရိကန်တွင် ဘတ်စ်ကားနှင့်ရထားတိုက်၊ ၄ ဦး သေဆုံး (ရုပ်သံ)



အမေရိကန်နိုင်ငံ မစ္စစ်စပီပြည်နယ် ဘီလိုစီမြို့မှာ မတ် ၇ ရက်နေ့က လူအယောက် ၅၀ လောက် တင်ထားတဲ့ ချာတာ ဘတ်စ်ကားနဲ့ ရထားတို့ တိုက်မိလို့ လူ အနည်းဆုံး ၄ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။
တက္ကဆပ်ပြည်နယ် အော်စတင်မြို့က လာတဲ့ ဘတ်စ်ကားဟာ ရထားသံလမ်းမှာ အတိုက်ခံရတာလို့ မျက်မြင်သက်သေတွေက ဒေသခံ ရုပ်သံကို ပြောပါတယ်။
ဒဏ်ရာရသူ အတော်များများကို အခင်းဖြစ်ရာကနေ ရဟတ်ယာဉ်နဲ့ သယ်ထုတ်ခဲ့ရပါတယ်။ လူ ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံးပြီး ၁ ဦးကတော့ ဆေးရုံတင်တဲ့လမ်းမှာ သေဆုံးခဲ့တာလို့ ဒေသခံ ရဲအုပ် ဂျွန်မေလာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘတ်စ်ကားပေါ်က ခရီးသည် ၃၅ ယောက်ကို ဒေသတွင်း ဆေးရုံတွေဆီ ပို့ပေးခဲ့ရပါတယ်။ တချို့လူတွေကတော့ ဒဏ်ရာမရဘဲ လွတ်မြောက်ခဲ့တယ်လို့ မေလာက ပြောပါတယ်။
ရထားပေါ်က ဝန်ထမ်းတွေ ဒဏ်ရာမရဘူးလို့ ရထားသယ်ပို့ရေးလုပ်ငန်း CSX က ကြေညာချက် ထုတ်ပြန်ပါတယ်။
တိုက်မိတဲ့ ရထားလမ်းကူးမှာ မီးပွိုင့်ရော ဝင်ပေါက်ဂိတ်ပါ ရှိတယ်၊ နယူးအော်လင်းကနေ အလာဘားမားကို သွားတဲ့ ရထားမှာ တွဲပေါင်း ၅၂ တွဲနဲ့ စက်ခေါင်း ၃ ခု ပါတယ်လို့ ကုမ္ပဏီက ပြောပါ တယ်။

No comments:

Powered by Blogger.