ပင်တဂွန်နှင့် ဝါရှင်တန်ပို့စ်တို့ အချင်းများခဲ့သည့်ဖြစ်ရပ်အကြောင်း ရိုက်ကူးထားသည့် The Post ဇာတ်ကား
၁၉၇၁ ခုနှစ်က ပင်တဂွန်စစ်ဌာနချုပ်နဲ့ ဝါရှင်တန်ပို့စ်သတင်းစာအကြား အချင်းများခဲ့တဲ့ ဖြစ်ရပ်တခုအကြောင်း ရိုက်ကူးထားတဲ့ “The Post” အမည်ရှိ ဇာတ်ကားသစ်မှာ ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား တွမ်ဟန့်စ်နဲ့ မင်းသမီးကြီး မာရီးလ်စထရိတို့ ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။
ဒီဇာတ်ကားကို အော်စကာ ၃ ဆုရရှိထားတဲ့ နာမည်ကြီး အမေရိကန်ဒါရိုက်တာ စတီဗင် စပီးလ်ဘာ့ဂ်က ရိုက်ကူးမှာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းဟာ ၁၉၇၁ ခုနှစ်က ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အရေးကြီတဲ့ စာရွက်စာတန်းတချို့ကို ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြခဲ့တဲ့အတွက် အမေရိကန်အစိုးရရဲ့ ဖိအားပေးမှုကို ခံခဲ့ရပါတယ်။
ဒါပေမယ့် သတင်းစာအယ်ဒီတာနဲ့ ထုတ်လုပ်သူက အစိုးရကို အလျှော့မပေးဘဲ သူတို့ရဲ့ လွတ်လပ်စွာ ဖော်ပြခွင့်အတွက် တိုက်ပွဲဝင်ခဲ့တာကြောင့် ကမ္ဘာတလွှား သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ ဖော်ပြခံခဲ့ရပါတယ်။
အဲဒီဖြစ်ရပ်အကြောင်း ရိုက်ကူးမယ့် “The Post” ဇာတ်ကားမှာ အော်စကာနှစ်ဆုရှင် မင်းသား တွမ်ဟန့်စ်က အယ်ဒီတာအဖြစ်နဲ့ အော်စကာ ၃ ဆုရှင် မင်းသမီးကြီး မာရီးလ်စထရိက ထုတ်လုပ်သူအဖြစ် ပါဝင်သရုပ်ဆောင်မယ့်အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
No comments: