Header Ads

Breaking News
recent

ဟိမဝန္တာတောင်တက်စခန်း အပြန်လမ်းတွင် သြစတြေးလျနိုင်ငံသားတဦး သေဆုံး



မတ် ၃ ရက်နေ့က သြစတြေးလျနိုင်ငံသားတဦးဟာ နီပေါလ်နိုင်ငံ ဟိမဝန္တာ တောင်တက်စခန်းကနေ အပြန်လမ်းမှာ သေဆုံးခဲ့တယ်လို့ နီပေါလ်နိုင်ငံ တောင်တက်သမားများအသင်း မန်နေဂျာက ပြောပါတယ်။
သေဆုံးရခြင်းဟာ ရာသီဥတုနဲ့ တောင်အမြင့်မှာ အောက်စီဂျင်နည်းတဲ့ဒဏ်ကို မခံနိုင်လို့ဖြစ်တယ်လို့ ယူဆကြောင်း မန်နေဂျာ ပါဒစ် ကာကီက ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို သံရုံးကနေတဆင့် သူ့ရဲ့နေရပ်ပြန်ပို့ဖို့ အတူတောင်တက်ခဲ့သူ သူငယ်ချင်းတွေအပြင် မိသားစုတွေနဲ့လည်း ဆွေးနွေးပြီး လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေလည်း ပြင်ဆင်ပြီးဖြစ်ကြောင်း မန်နေဂျာ ကာကီက မတ် ၆ ရက်နေ့က  ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးက သေဆုံးသူရဲ့ မိသားစုတွေအတွက် လိုအပ်တဲ့အကူအညီတွေနဲ့ နှစ်သိမ့်ဆွေးနွေးမှုတွေ ပေးနေတယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.