Header Ads

Breaking News
recent

မီးလောင်နေသည့်တိုက်ခန်းမှ တွဲလောင်းကျခဲ့သည့် အမျိုးသမီးကို စွန့်စားကယ်တင်




တရုတ်နိုင်ငံမှ မီးသတ်ကယ်ဆယ်ရေးသမားတဦးဟာ ခြောက်ထပ်တိုက်ခန်းတွဲတခုမှာ မီးလောင်နေတဲ့တိုက်ခန်း ပြတင်းတံခါးဘောင်ပေါ်ကနေ တွဲလောင်းကျနေခဲ့တဲ့ အမျိုးသမီးတဦးကို  စွန့်စားကယ်တင်နိုင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် ညပိုင်းက တရုတ်နိုင်ငံ ဇီကျန်းခရိုင် အရှေ့တောင်ပိုင်း ရှာကျင်းမြို့မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီအမျိုးသမီးဟာ ပြတင်းတံခါးဘောင်ကနေ ဦးခေါင်းထိုးစိုက်လျက်သား တွဲလောင်းကျနေခဲ့တာကို တွေ့ရပြီး  အောက်တိုက်ခန်းပြတင်းပေါက်ကနေ သူ့ကို ဆွဲယူကယ်တင်ခဲ့ရတာပါ။
ဒေသတွင်း သတင်းတွေမှာတော့ အဲဒီအမျိုးသမီးဟာ တိုက်ခန်းတွင်း မီးလောင်ချိန်မှာ ရှောင်ရှားဖို့ နေရာမရှိခဲ့ဘဲ ကယ်ဆယ်ရေးသမားတွေ ရောက်မလာခင်အထိ ပြတင်းတံခါးဘောင်မှာ ခိုနေခဲ့ရာကနေ ခုလိုဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။
စွန့်စားမီးသတ်သမား ဂျီယန်းထရန်ကိုင်ဟာ အခင်းဖြစ်ပွားရာကို အလျင်အမြန် ရောက်ရှိလာချိန်မှာ အမျိုးသမီးရဲ့ ခြေကျင်းဝတ်ကတဆင့် သူ့ကို ဆွဲယူကယ်တင်နိုင်ခဲ့တာပါ။
တိုက်ခန်းတွင်းမှာတော့ အဲဒီအမျိုးသမီးရဲ့ သမီးငယ်ဟာ ပိတ်မိနေခဲ့ပြီး သူ့ကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကို မျက်မြင်တွေ့ရှိသူတဦးက မှတ်တမ်းတင် ရိုက်ယူထားခဲ့ကာ ဘေးက တွေ့ရှိရသူတွေဟာ ထိတ်လန့်တကြား အော်ဟစ်ခဲ့ကြတာကို တွေ့ ရပါတယ်။

No comments:

Powered by Blogger.