လော့စ်အိန်ဂျလိစ်မြို့ ကုန်သွယ်ရေးဂိုဒေါင်တခုတွင် မီးအကြီးအကျယ်လောင်မှုဖြစ်ပွား
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ ကုန်သွယ်ရေးဂိုဒေါင်တခုမှာ မတ်လ ၁၂ ရက်နေ့က ကြီးမားတဲ့ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။
မီးလောင်မှု ပြင်းထန်တဲ့အတွက် မီးတောက်တွေ ကောင်းကင်ထက် လျှံတက်နေတာကို အဝေးကနေ အလွယ်တကူ မြင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် မီးသတ်သမား ၁၉၀ ကျော် အမြန်ငြှိမ်းသတ်ခဲ့တဲ့အတွက် လူသေဆုံးထိခိုက်တာမျိုး မရှိပါဘူး။
မီးလောင်မှုကြောင့် အခင်းဖြစ်ရာ အနီးတဝိုက်က လမ်းအတော်များများကို ယာယီပိတ်ပစ်လိုက်ကြောင်း ဒေသခံ အာဏာပိုင်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
No comments: