Header Ads

Breaking News
recent

ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ


ဖရဲသီး
မူဆယ်ကုန်စည်ဒိုင်မှာ ဖရဲသီး ၈၅၅ အမျိုးအစားဟာ ငွေကျပ် ၆၀၀၀၀ လောက်ထပ်ပြီး ဈေးကျသွားပါတယ်။ ဒီနေ့ပေါက်ဈေးက တစ်တန်ကိုငွေကျပ်  ၃၈၄၀၀၀  ရှိနေပါတယ်။
မတ်ပဲ
မန္တလေးကုန်စည်ဒိုင်မှာတော့ ပိဿာ ၆၀ ၀င် မတ်ပဲ တစ်အိတ်ဟာ ငွေကျပ် ၉၉၀၀၀ ပေါက်ဈေးရှိနေပြီး ငွေကျပ် ၅၀၀၀ ဈေးတက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ငွေကျပ် ၁၅၀၀ ဈေးကျဆင်းသွားပြီး တစ်အိတ်ကို ငွေကျပ် ၁၁၄၀၀၀ ဈေးရှိနေပါတယ်။
နှမ်းနက်
နှမ်းနက် (စမုံ) ကတော့ ၈၀၀၀ ကျပ်လောက် ဈေးတက်လာပြီး တစ်အိတ်ကို ၁၃၈၀၀၀ ပေါက်ဈေးရှိနေပါတယ်။
စားအုန်းဆီ
မြင်းခြံ ကုန်စည်ဒိုင်မှာတော့ စားအုန်းဆီ တစ်ပိဿာကို ငွေကျပ် ၂၀၀၀ ပေါက်ဈေးရှိနေပြီး ၂၀ ကျပ် ဈေးတက်လာပါတယ်။
ကြက်သွန်နီ
ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးကွက်မှာတော့ ကြက်သွန်နီဟာ တစ်ပိဿာ ကို ငွေကျပ် ၅၀ လောက် ဈေးကျသွားပြီး ၅၅၀ ကနေ ၁၁၀၀ ပေါက်ဈေးရှိနေပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ ကတော့ တစ်ပိဿာကို ငွေကျပ် ၂၀၀ လောက်ဈေးတက်လာပြီး ၃၃၀၀ ကနေ ၄၃၀၀ ပေါက်ဈေးရှိနေပါတယ်။
ပဲစင်းငုံ
ပြည်ပကို အဓိက တင်ပို့နေတဲ့ ပဲစင်းငုံကတော့ တစ်တန်ကို ငွေကျပ် ၇၅၁၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ငွေကျပ် ၂၃၀၀၀ ဈေးကျသွားပါတယ်။

No comments:

Powered by Blogger.