ကျား ၄ ကောင်၏အစားမခံရရေး ရေငုပ်ပြေးနေခဲ့ရသည့် သနားစဖွယ် ဘဲကလေး
သဘာဝအရ ကျားနဲ့ ဘဲဟာ ရင်ဆိုင်တွေ့နိုင်ဖို့ ဆိုတာ တော်တော့ကို ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် တိရစ္ဆာန်ဥယျာဉ်ထဲက ကျားတွေရဲ့ အစာအဖြစ် ရေကန်ထဲပစ်ချ ထိုးကျွေးခံရတဲ့ ဘဲတကောင်ရဲ့ အဖြစ်ကတော့ မတွေးရဲစရာပါပဲ။
ရေကန်ထဲမှာဆိုရင်တော့ ဘဲတွေဟာ ကျွမ်းကျွမ်းကျင်ကျင်ရေကူး၊ ရေငုပ် လုပ်နိုင်တာမို့ ကျားတွေကိုပဲ ရှောင်ထွက်သွားနိုင်မလား၊ ကျားစာအဖြစ်ပဲ စားခံလိုက်ရမလားဆိုတာ တကယ့်ကို စိတ်ဝင်စားစရာကောင်းပါတယ်။
မတ် ၁၆ ရက်နေ့က ယူကျူ့စာမျက်နှာပေါ်တင်ထားတဲ့ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တာဖြစ်ပြီး ကားတစီးဟာ ကျားတွေရှိနေတဲ့ ရေကန်တခုအနီးကို ရောက်လာခဲ့ပြီး ကားတံခါးကို ဖွင့်ကာ ဘဲကို ရေကန်ထဲ ပစ်ချလိုက်တာကို တွေ့ရပါတယ်။
ကျားတွေဟာ အသည်းအသန်ပဲ ရေကန်ထဲကို ပြေးဆင်းသွားခဲ့ကြကာ ဘဲကို အမိဖမ်းနိုင်ဖို့ ကြိုးစားခဲ့ကြတာပါ။
ဒါပေမယ့် ဘဲဟာ ကျားတွေအနီးက ပွတ်ကာသီကာ လွတ်မြောက်အောင် ကူးခတ်ပြီး ရေအောက်ကို ငုပ်လျှိုးသွားခဲ့တာကို အံ့သြဖွယ်တွေ့ရပါတယ်။
ရေပြင်ပေါ် တခြားနေရာတခုက ပေါ်လာလိုက်၊ ကျားတွေက သူ့ကို လိုက်ဖမ်းဖို့ ကြိုးစားလိုက်နဲ့ အချိန်အတော်ကြာအောင် ရှိနေခဲ့တာပါ။
ကျားတွေဟာ ရေကန်ထဲမှာ အသင့်စောင့်ဖမ်းဖို့ ရှိနေခဲ့ကြပြီး တကြိမ်မှာတော့ ဘဲဟာ ကျားတကောင်အနီး ရေပြင်ပေါ် ပေါ်လာချိန်မှာတော့ ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ဘဲ ကိုက်စားခံခဲ့ရတာကို တွေ့ရပါတယ်။
No comments: