Header Ads

Breaking News
recent

ပုလောတွင် စိတ်မနှံ့သူ အမျိုသားတဦး ကားကြိတ်ခံရ သေဆုံး




မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စု သဲပုံကျေးရွာအနီး မြိတ်-ပုလောလမ်းပိုင်မှာ မတ်လ ၁၄ ရက်က စိတ်မနှံတဲ့ အမျိုးသားတဦး ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဒုရဲမှူး စောနိုင်က ပြောပါတယ်။
သေဆုံးသူ ဝင်းဟုန် (ခ) ရှပ်ရှု (၄၅) နှစ် (စိတ်မနှံသူ) အမျိုးသားဟာ မြိတ်-ထားဝယ် ကားလမ်းမ မိုင်တိုင်အမှတ် (၁၂၄/၆) မှာ ကားနဲ့တက်ကြိတ်မိ သေဆုံးခဲ့တာဖြစ်ပြီး ယာဉ်မောင်းဖြစ်သူ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ရာဇသတ်ကြီး ပုဒ်မ-၃၀၄-က/၂၀၂ အရ အမှုဖွင့်လှစ်ထားပြီး လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံကို ဖမ်းဆီး အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဒုရဲမှူး စောနိုင်က ပြောပါတယ်။

No comments:

Powered by Blogger.