Header Ads

Breaking News
recent

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဂျပန်က ထိုင်းကို ၄ ဂိုးပြတ်ဖြင့် အနိုင်ယူ





ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် တတိယအဆင့် အုပ်စု ဘီ ပွဲစဉ်မှာ ဂျပန်က ထိုင်းအသင်းကို ၄  ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ အိမ်ရှင် ဂျပန်က ၄-၂-၃-၁၊ ထိုင်းက ၄-၃-၃ ကစားကွက်နဲ့ ယှဉ်ပြိုင်သွားပြီး ဂျပန်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကာ ခြေစွမ်းအသာနဲ့ ယှဉ်ပြိုင်သွားပါတယ်။
အနိုင်ဂိုးတွေကို ပွဲအစ ၈ မိနစ်မှာ ကွင်းလယ်ကစားသမား ကာဂါဝါ၊ ၁၉ မိနစ်မှာ တိုက်စစ်မှူး အိုကာဇာကီက သွင်းယူပါတယ်။
ဒီပွဲမှာ ထိုင်းအသင်းဟာ ဂျပန်ကို ခြေစွမ်းပိုင်းမှာ မယှဉ်နိုင် ဖြစ်ခဲ့ပါတယ်။ ဂျပန်အတွက် တတိယဂိုးကို ၅၇ မိနစ်မှာ ကူဘို၊ အပိတ်ဂိုးကို ၈၃ မိနစ်မှာ ယိုရှီဒါက သွင်းယူပါတယ်။
ဒီပွဲနိုင်တဲ့ ဂျပန်က အုပ်စု ဘီ မှာ  ကစားပြီးတဲ့  ၇ ပွဲအတွက် ၁၆ မှတ်နဲ့ ဦးဆောင်နေပြီး ထိုင်းက ၁ မှတ်နဲ့ ဇယားအောက်ဆုံး အဆင့် ၆ မှာ ရပ်တည်နေပါတယ်။

No comments:

Powered by Blogger.